Friday, July 5, 2019

ဂျပန်တောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းနေခြင်းကြောင့် မြေပြိုမှုများဖြစ်ပွားနိုင်သည့် အခြေအနေနှင့်ရင်ဆိုင်နေရ

ဂျပန်နိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေခြင်းကြောင့် ဇူလိုင် ၄ ရက်၌ ရေကြီးမှုနှင့် မြေပြိုမှုများ ဖြစ်ပွားလာနိုင်သည့် အခြေအနေအတွက် သတိထားနေကြပြီး လူတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် ဂျပန်အာဏာပိုင်များက ညွှန်ကြားထားသည်။ ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြရန် အမိန့်ထုတ်ထားသော်လည်း ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ကာဂိုရှီမာဒေသရှိ ခိုလှုံရေးစခန်းများ၌ လူ ၃၀ဝ၀ ခန့်သာရှိနေသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့်သီတင်းပတ်ကုန်က မိုးစတင် ရွာသွန်းမှုများအတွင်း မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ နေအိမ်တစ်လုံး မြေပိခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး ဇူလိုင် ၄ ရက် အစောပိုင်းက ပျောက်ဆုံးနေသည့် နောက်ထပ်အမျိုးသမီးတစ်ဦးမှာလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အသေးစားမြေပြိုမှုများကြောင့် ကားများ မြေပိခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



ကာဂိုရှီမာဒေသတွင် နေထိုင်ကြသည့် လူပေါင်းတစ်သန်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်ညွှန်ကြားထားပြီး ထပ်တိုးအကြံပြုချက်များကိုလည်း ထုတ်ပြန်ထားသည်။ ကာဂိုရှီမာတွင် ရေကြီးမှုများကြောင့် ကားများရေစီးဖြင့်မျောပါနေကြပုံနှင့် မြစ်ရေတက်နေမှုကို ရုပ်သံများက ပြသခဲ့သည်။

ကာဂိုရှီမာဒေသရှိ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရေးစင်တာတွင် သက်ကြီးပိုင်းဒေသခံများသည် ကြမ်းပြင်ပေါ်တွင်ထိုင်လျက် အစားအစာများသုံးဆောင်နေကြပြီး ゞင်းတို့၏ပတ်လည်တွင် အိပ်ယာခင်းများနှင့် ゞင်းတို့ပိုင်ဆိုင်သောပစ္စည်းများ ပြန့်ကျဲလျက်ရှိနေသည်။

သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိသည့်အခါမျိုးတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခိုင်းသည့်အမိန့်ကို ထုတ်ပြန်ပြီး ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များကလည်း ဒေသခံများအား နေအိမ်စွန့်ခွာကြရန် အကြိမ်ကြိမ်အခါခါ တိုက်တွန်းကြသည်။ သို့သော်လည်း ဒေသခံအများစုမှာ ထိုညွှန်ကြားချက်များကို မကြာခဏဆိုသလို လျစ်လျူရှုတတ်ကြသည်။

အန္တရာယ်ကြီးမားသည့် မြေပြိုမှုများ ဖြစ်ပွားလာနိုင်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက သတိပေးထားသည်။ ဇူလိုင် ၄ ရက်တွင် ဂျပန်အနောက်မြောက်ပိုင်းဒေသ၌ မိုးသည်းထန်စွာရွာသွန်းနေပြီး လာမည့်ရက်များအတွင်း ဂျပန်အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသည်။

ပြီးခဲ့သည့်နှစ်နွေရာသီက ဂျပန်အနောက်ပိုင်းတွင် မိုးအသည်းအထန်ရွာသွန်းမှုများကြောင့် လူပေါင်း ၂၀ဝ ကျော် သေဆုံးခဲ့သည်။ ထိုအချိန်က ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေးညွှန်ကြားချက်များကို အလွန်အမင်းနောက်ကျမှ ထုတ်ပြန်ခြင်းနှင့် ပြည်သူအချို့သည် ညွှန်ကြားချက်များအား ဂရုမပြုကြခြင်းကြောင့် လူအများအပြားသေဆုံးရခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့ကြသည်။

No comments:

Post a Comment