Friday, July 5, 2019

အာဂျင်တီးနားမှာ အသားတင် ထရပ်ကားကို ဒေသခံတွေ လုယက်

ပြုတ်ထွက်နေတဲ့ ထရပ်ကား နောက်တွဲထဲက ဝက်သားတွေကို ဒေသခံတွေက လုယူကြတဲ့ ဖြစ်ရပ်အပေါ် အာဂျင်တီးနား လူမှုကွန်ရက် မီဒီယာတွေမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ ဇူလိုင်လ ၄ ရက်က ဆန်တာဖီး မြို့နားမှာရှိတဲ့ အဝေးပြေးလမ်းပေါ်မှာ ဝက်သားတွေ တင်လာတဲ့ ထရပ်ကား နောက်တွဲ ပြုတ်ထွက်မှု ဖြစ်ပွားခဲ့ပါတယ်။ အကောင်လိုက် အသားဖျက်ထားတဲ့ ဝက်သားတချို့ လမ်းပေါ် ပြုတ်ကျခဲ့ရာက ဒေသခံတွေက အလုအယက် ကောက်ယူခဲ့ကြတာပါ။



အဲဒီနောက်မှာတော့ ထရပ်ကား နောက်တွဲထဲမှာ ရှိနေတဲ့ အသားတွေကိုပါ လူစုလူဝေးနဲ့ ရယူခဲ့ကြပါတယ်။ လုယူကြသူ တချို့က ဆင်းရဲနွမ်းပါးသူတွေကို ဝေမျှပေးချင်စိတ် မရှိတာဟာ ရှက်စရာကောင်းတဲ့ ခံယူချက်မျိုးလို့တောင် ပြစ်တင်စကား ပြောခဲ့ကြပါသေးတယ်။

ဝက်သားတွဲတွေကို ဒေသခံတွေက ဆိုင်ကယ်တွေနဲ့ပါ လာသယ်ကြပုံ ဗီဒီယိုတွေ လူမှုကွန်ရက် မီဒီယာတွေမှာ ပျံ့နှံ့လာတဲ့နောက် အခု လုပ်ရပ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။ ဆန်တာဖီး ရဲတပ်ဖွဲ့က ဖြစ်စဉ်ကို စုံစမ်းနေဆဲလို့ မှတ်ချက်ပေးထားပါတယ်။

No comments:

Post a Comment