Friday, July 5, 2019

ဗစ်တိုးရီးယားများ ထပ်မပေါ်စေရေး ပြည်သူများ ကူညီကာကွယ်ပေးရန် အငြိမ်းစားသမ္မတ၏ ဇနီး တိုက်တွန်း

 အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်တွင် ပေါ် ပေါက်ခဲ့ပြီး နှစ်လနီးပါးရှိလာချိန် အထိ တရားခံမပေါ်သေးသော ဗစ်တိုးရီးယားဟု လူသိများသည့် မူကြိုအရွယ်သမီးငယ် မဖွယ် မရာ ပြုကျင့်ခံရသကဲ့သို့ဖြစ်စဉ် မျိုး ထပ်မံမပေါ်ပေါက်စေရေး ပြည်သူတိုင်းက ပါဝင်တားဆီး ပေးရန် ဒေါ်စုစုလွင်က တိုက် တွန်းသည်။ ‘‘အဲဒီ အသိတရားတွေရှိပြီး တော့ ဒီလိုမျိုးမဖြစ်ခင်ကတည်း က တာဝန်ယူပေးနိုင်တဲ့၊ကာကွယ် ပေးနိုင်တဲ့ လုပ်ငန်းမျိုးတွေ လုပ် နိုင်ဖို့ ကြိုးစားပေးစေချင်တယ်။ လူတိုင်းမှာ တာဝန်ရှိတယ်လို့ ကျွန်မက ပြောချင်ပါတယ်’’ဟု နိုင်ငံတော်သမ္မတ(ငြိမ်း)၏ ဇနီး ဒေါ်စုစုလွင်ကပြောသည်။



မေလ ၁၆ ရက် က ဖြစ်ပွားခဲ့ ပြီး ယမန်နေ့ ဇူလိုင် ၃ ရက်ည နေအထိ တရားခံဖော်ထုတ်နိုင် ခြင်းမရှိသေးသော Wisdom Hill မူကြိုကျောင်းမှ (၃)နှစ်အရွယ် သမီးငယ်၏ အမှုနှင့်ပတ်သက် ၍မူ တာဝန်ရှိသူများအတတ်နိုင် ဆုံးကြိုးစားပေးရန် ၎င်းကမေတ္တာ ရပ်ခံသည်။

‘‘တာဝန်ရှိတဲ့သူတွေအနေနဲ့ ဒီဥစ္စာကို တစိုက်မတ်မတ်နဲ့ တိတိ ကျကျ စနစ်တကျနဲ့လုပ်ဖို့ကတော့ ကျွန်မပြောမှမဟုတ်ပါဘူး။ လူ တိုင်းသိတဲ့အလုပ်ပါ။ ကျွန်မအ နေနဲ့ကတော့ တာဝန်ရှိတဲ့သူတွေ  တာဝန်ရှိတဲ့ဘောင်အတွင်းမှာ အတတ်နိုင်ဆုံးလုပ်နိုင်ဖို့ ဒါကိုပဲတိုက်တွန်းတာပါ’’ဟုဒေါ်စုစုလွင် က ဆိုသည်။

နေပြည်တော်ရှိ MICC-II ၌  ဇူလိုင် ၃ ရက်က ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့ အခမ်း အနားအပြီး မီဒီယာများ၏ တွေ့ ဆုံမေးမြန်းမှုအပေါ် ၎င်းကအ ထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

ထိုသို့သော ကိစ္စမျိုးများထပ် မံမပေါ်ထွန်းစေရန်  လိုအပ်သည့် ဥပဒေပြဋ္ဌာန်းချက်များအပြင် ပြည်သူကိုယ်တိုင်ပါဝင်တားဆီး မှုမျိုးလိုအပ်သည်ဟု သုံးခွမဲဆန္ဒ နယ် ပြည်သူ့လွှတ်တော်အမတ် လည်းဖြစ်သူ ဒေါ်စုစုလွင်က သုံးသပ်သည်။

‘‘ဥပဒေရှိတာလည်း လိုသ လို ပြည်သူလူထုတွေရော၊နောက် ပြီးတော့ ဒီရပ်ရွာတွေကရော ဒီလို မျိုးတွေမဖြစ်နိုင်ဖို့၊ မဖြစ်ဖို့တား ဆီးနိုင်တဲ့ဟာမျိုးကို လူတိုင်းလူ တိုင်းမှာ တာဝန်ရှိတယ်’’ဟု ၎င်း က ပြောသည်။

မုဒိမ်းမှုများကို အရေးယူနေ သည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ ၏ ပြစ်မှုပြစ်ဒဏ်များတိုးမြှင့် ကာ ရာဇသတ်ကြီးဥပဒေပြင်ဆင် သည့် ဥပဒေကို မတ်လအတွင်း၌ ပြည်ထောင်စုလွှတ်တော်က အ တည်ပြုထားပြီးဖြစ်သည်။

အဆိုပါ ဥပဒေပြင်ဆင်ချက် အရ သက်ငယ်မုဒိမ်းမှုကျူးလွန် သူများကို ထောင်ဒဏ်နှစ် ၂၀ မှ ထောင်ဒဏ်တစ်သက် (ထောင် ထဲတွင် သေသည်အထိနေရမည်) အထိ ချမှတ်နိုင်မည်ဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၁၆ မှ ၂၀၁၈ အထိ သက်ငယ်မုဒိမ်းမှု ၁,၉၂၈ မှုဖြစ်ပွားခဲ့ပြီး ယင်းသည် တစ် ရက်လျှင်ပျမ်းမျှသုံးမှုနှုန်းရှိသည်။

No comments:

Post a Comment