Friday, July 5, 2019

ဗစ်တိုးရီးယားအမှု ပြန်လွှတ်ပေးထားသည့် ယာဉ်မောင်းကို ထပ်မံဖမ်းဆီး တရားစွဲဆို

ဗစ်တိုးရီးယားအမှု၏သံသယတရားခံကို ထုတ်ပြန်လိုက်ပြီးနောက် လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားမှုအချို့
- ခိုင်မာသည့်သက်သေပြချက် ဗစ်တိုးရီးယားမိသားစုသိရှိလို
- မတရားစွပ်စွဲခံရခြင်းသာဖြစ်ပြီး ငွေကြေးကြောင့် လူစားဝင်ခြင်းမျိုးမဟုတ်ဟု အောင်ကြီး၏ မိသားစုအာမခံ
- သတင်းထုတ်ပြန်ချက်အပေါ်  ပြည်သူအများစု သံသယရှိ
 Wisdom Hill မူကြိုကျောင်းမှ မိန်းကလေးငယ်တစ်ဦး ကို မဖွယ်မရာ ပြုကျင့်ခံရသည့်အမှု၏ တရားခံအဖြစ် ကျောင်းအုပ်ချုပ် ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ယာဉ်မောင်း  အောင်ကျော်မျိုး (ခ) အောင်ကြီးကိုရဲတပ်ဖွဲ့က ဖမ်းဆီး၍ တရားစွဲတင်လိုက်ပြီဟု ဒက္ခိဏခရိုင် တရားရုံး၊ ဒုတိယတရားသူကြီး ဦးညိုဌေးက အတည်ပြုသည်။



‘‘ရဲကတော့ စုံစမ်းဖော်ထုတ် ပြီးတော့ တရားစွဲဆိုတင်ပို့လာ တာပေါ့။ ချုပ်ရက်ရမန်ယူသွား တာဆိုတော့ ကျွန်တော်တို့ ဒီနေ့ တော့ တရားစွဲဆိုစတင်ပြီပေါ့’’ ဟု ၎င်းကဆိုသည်။ အောင်ကြီးကို ပုဒ်မ ၃၇၆ ဖြင့် တရားစွဲဆိုထားပြီး တရား လိုပြသက်သေ ၂၆ ဦးတင်ပြထား ကြောင်း ဦးညိုဌေးကပြောသည်။ ‘‘နှစ်ဖက်စလုံးကို ကျွန်တော် တို့က မျှမျှတတစစ်ဆေးသွားမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

တရားစွဲဆိုခံရသူအောင် ကြီးကို မေလ ၁၆ ရက်တွင် အဆိုပါ ဖြစ်စဉ်ပေါ်ပေါက်အပြီး မေလ ၃၀ ရက်၌ ဇမ္ဗူသီရိမြို့နယ် ရဲ တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းစစ် ဆေးပြီးနောက် မှုခင်းရဲတပ်ဖွဲ့ (CID) ကအမှုကို လွှဲပြောင်းရယူ ကာ ဇွန်လ ၂၄ ရက်တွင် ပြန် လွှတ်ပေးခဲ့သည်။

အောင်ကြီး၏ မိသားစုဝင် များထံမှ စုံစမ်းရာတွင် Wisdom Hill ကျောင်း၏ ကြီးကြပ်ရေးမှူး ဆရာမ၏ ကိုယ်ပိုင်ကားယာဉ် မောင်းအဖြစ် မေလ ၁၅ ရက်တွင် အလုပ်အင်တာဗျူးဝင်ခဲ့ပြီး နောက်တစ်နေ့၌ ဗစ်တိုးရီးယား ဟု အများက ရည်ညွှန်းပြောဆို နေသည့် ကလေးမငယ်အမှုဖြစ် ပွားခဲ့ကြောင်း ပြောကြားသည်။

ပထမအကြိမ်ပြန်လွတ်ပြီး နောက် အောင်ကြီးသည် ရန်ကုန် မြို့ သာကေတမြို့နယ်ရှိ နေအိမ် သို့ ပြန်လည်နေထိုင်စဉ် ဇူလိုင် ၃ ရက်၌   ရဲတပ်ဖွဲ့က  ပြန်လာ ဆက်သွယ်၍ သာကေတမြို့နယ် ရဲစခန်းသို့ သွားရောက်ခဲ့ရပြီး နောက် အဆိုပါနေ့၌ပင် ရန်ကုန် မှတစ်ဆင့် နေပြည်တော်သို့ လေ ယာဉ်ဖြင့် ခေါ်ဆောင်သွားခြင်းခံရ ကာ နောက်တစ်ရက်တွင် တရား စွဲတင်လိုက်ခြင်းဖြစ်သည်ဟု မိ သားစုဝင်များက ဆိုသည်။

အောင်ကြီးဘာပြောလဲ
‘‘သား(အောင်ကြီး) ကို အဲ သလိုပဲမေးတော့ သားလည်းအ မှန်အတိုင်း အဲဒီလိုပဲ ဝင်တယ် ထွက်တယ်။ ဟိုဒင်းဖြစ်တယ်။ ကျန်တာတွေ သားမသိဘူး။ ပြော လည်းမရဘူး။ ည (ဇူလိုင် ၃ ရက်) ကတော့ သူတို့နောက်တစ် ဖွဲ့က စစ်တယ်လို့ပြောတယ်။ ဒီ CID က နောက်တစ်ဖွဲ့ ချော့မေး၊ ကြမ်းမေး မေးပြီးတော့ ဒီနေ့မှစွဲ ချက်တင်လိုက်တာ’’ ဟု ဖမ်းဆီးခံ ရသူ ကိုအောင်ကြီးက ယမန်နေ့ တရားရုံးထုတ်စဉ် ပြောပြခဲ့ ကြောင်း ဖခင်ဦးမြသိန်းက ပြန် ပြောပြသည်။

ထို့အတူ ပထမအကြိမ်ဖမ်း ဆီးခံရပြီး ပြန်လွှတ်စဉ်က တရား ရုံး၌ အောင်ကြီးသည် ဆေးစစ် ချက်အောင်ထားပြီး သက်သေခိုင် လုံမှု မရှိဟူ၍ ကြားခဲ့ရသည်ဟု သတင်းစကားနှင့်ပတ်သက်၍ မိ သားစုက ရဲတပ်ဖွဲ့ထံ ယမန်နေ့က မေးမြန်းရာ ရဲအရာရှိတစ်ဦးက ‘‘ဒါက အရပ်ထဲမှာ ပြောတာပါ။ တရားသူကြီးဆီကို DNA (ဆေး စစ်ချက်ကို ရည်ညွှန်း) အောင် တယ်ဆိုတာ မရောက်ဘူး။ရောက် လို့ တရားသူကြီးက ဖတ်ပြတာ ပေါ့လို့။ ဒါမဖြစ်နိုင်ဘူးတဲ့ DNA အောင်တယ်ဆိုတဲ့ဟာက သူတို့ ဆီ မရောက်သေးဘူးတဲ့’’ဟု ပြန် လည်ဖြေဆိုခဲ့ကြောင်း အောင် ကြီး၏ မိခင်ကပြောကြားသည်။

အဆိုပါပြောကြားချက်များ၊ စစ်ဆေးပေါ်ပေါက်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူတို့ထံ မေး မြန်းရန် ကြိုးပမ်းနေသော်လည်း ဇူလိုင် ၄ ရက် ညပိုင်းအထိ မရ သေးပေ။

‘‘သားအတွက် မဟုတ်ဘဲနဲ့ မတရားကြီးစွပ်စွဲတာလေ။ မတ ရားကြီးလုပ်ထားတာ’’ ဟု အောင် ကြီး၏မိခင်ဒေါ်ရီက ပြောသည်။ ဖခင်ဖြစ်သူဦးမြသိန်းက လည်း ‘‘အမှန်ဖြစ်စေချင်တာပေါ့ ဗျ’’ ဟု ဆိုသည်။

ငွေပေး၍ တရားခံလဲလှယ်မှု ကို လက်ခံလိုက်သည်ဟု စွပ်စွဲ ပြောဆိုချက်များအပေါ် အောင် ကြီး၏ မိခင်ဖြစ်သူ ဒေါ်ရီက ‘‘အ သက်ချင်းလဲလို့ရရင် လဲမယ်လို့။ သူ့သားလေးကို ပြန်ထုတ်လို့ရရင် အမေက ပိုက်ဆံငါးရာ၊တစ်ထောင်နဲ့ ကိုယ့်သား၊ သမီးလဲလို့ မရဘူး။ သိန်းတစ်ထောင်နဲ့ကျွန်မသားကို လဲလို့မရဘူး’’ ဟု ပြောသည်။

ထို့အပြင် အောင်ကြီးမိသား စုအနေဖြင့် ငွေကြေးချို့တဲ့သဖြင့် ရှေ့နေငှားရန် မတတ်နိုင်၍ အကူ အညီ  လိုအပ်လျက်ရှိကြောင်း လည်း အောင်ကြီး၏ဖခင် ဦးမြ သိန်းက ပြောသည်။

ဆေးဘယ်လိုစစ်လဲ
ခုတင်တစ်ထောင်ဆေးရုံ တွင် အဓမ္မပြုကျင့်မှုများအတွက် စစ်ဆေးသည့် အထူးအခန်းရှိပြီး ပုံမှန်အားဖြင့် ကိုယ်တွင်းအင်္ဂါ ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ် ပေးခြင်းဖြစ်ကြောင်း ယင်းဆေးရုံ မှ တာဝန်ရှိသူဆရာဝန်တစ်ဦးက ပြောသည်။

သို့သော် ဗစ်တိုးရီးယားအမှု နှင့်ပတ်သက်သည့် ဆေးစစ်ချက် ဆိုင်ရာကိစ္စများကိုမူ သိရှိနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း အတည်ပြု ချက်တစ်စုံတစ်ရာ ရရှိခြင်းမရှိ ပေ။

ဗစ်တိုးရီးယားဘက်ကဘာပြောလဲ
အောင်ကြီးကို တရားစွဲဆိုမှု နှင့်ပတ်သက်၍ ဗစ်တိုးရီးယားမိ သားစုဘက်မှ ကူညီပေးနေသူ တစ်ဦးက ‘‘သူတို့တစ်ခုခုသေချာ တာရှိလို့ စွဲချက်တင်တာပေါ့။ ရဲ တပ်ဖွဲ့က တစ်ခုခုထုတ်ပြန်တာကို စောင့်ရမှာပေါ့။ ထုတ်ပြန်တာ ကြည့်ပြီးမှ တစ်ခုခုပြောလို့ရမယ်’’ ဟု ပြောသည်။

ဗစ်တိုးရီးယား၏ ဖခင်က လည်း ‘‘CCTV မှတ်တမ်းကို သမီး လေး  ပြကြည့်တဲ့အခါမှာတော့ မိမိဖင်ဘုကို ဆိတ်တာ၊ ဒီကိုကိုဆို ပြီးတော့ လက်ညှိုးထိုးပြီးပြဖူး တယ်။ ကျွန်တော်တို့ အဲဒါကို ဗီဒီ ယိုမှတ်တမ်းတင်ထားတယ်။ အဲ ဒါကို ကျွန်တော်တို့က တင်ပြ ထားတယ်။ အဲဒီသက်သေတစ်ခု တည်းနဲ့ ဖမ်းတယ်လို့တော့မထင် ဘူးဗျ။ အခြားဒီထက်ပိုပြီး ခိုင်မာ တဲ့ သက်သေတော့ ပြဖို့လိုမယ် ထင်တယ်’’ ဟု မှတ်ချက်ပြုသည်။

ဘယ်တော့စစ်မလဲ
အဆိုပါအမှုနှင့်ပတ်သက်၍ ခုခံရေးအပြည့်အဝရှိရန် အောင်  ကြီးအနေဖြင့် အကျိုးဆောင် ငှား ရမ်းနိုင်မည်ဖြစ်ပြီး ရုံးချိန်းကို ၁၅ ရက်သို့ ပြန်လည်ချိန်းဆိုထား ကြောင်း ဒုခရိုင်တရားသူကြီးက ပြောသည်။ အမှုအတွက် သက် သေ ၂၆ ဦးတင်ပြထားပြီး အမှု အမြန်ဆုံးပြီးပြတ်သွားအောင် စိ စစ်ဆောင်ရွက်သွားမည်ဟုလည်း ဦးညိုဌေးက ထပ်လောင်းပြောဆို သည်။

ထူးခြားမှု
ဗစ်တိုးရီးယားအမှုဆိုင်ရာ တရားစွဲဆိုချိန်အထိ တာဝန်ယူ စစ်ဆေးနေသော မှုခင်းရဲတပ်ဖွဲ့ ထံမှ အမည်မဖော်၍ ရှင်းလင်း ဖြေကြားချက်တစ်စုံတစ်ရာ မရ သေးပေ။ ဇူလိုင် ၁ ရက်က CID တာဝန်ရှိသူတစ်ဦးနှင့် တယ်လီ ဖုန်းအဆက်အသွယ်ရရှိခဲ့စဉ်ကမူ တရားခံပေါ်ပေါက်ရန် ရဲတပ်ဖွဲ့ အနေဖြင့် ကြိုးစားနေပြီး အမှု သည်နက်နဲနေသဖြင့် ပြောသ လောက်လွယ်ကူမှုမရှိကြောင်းအ မည်မဖော်ဘဲ မှတ်ချက်ပြုသော် လည်း အသေးစိတ်ဖြေကြားရန်ကို မူ ငြင်းဆိုသည်။

ထို့အတူ ဗစ်တိုးရီးယားအမှု မူကြိုးကျောင်း၌ ဖြစ်ပွားခဲ့ခြင်းမရှိ ဟု ငြင်းဆိုဖူးသော၊ စုံစမ်းစစ်ဆေး နေဆဲဖြစ်သည်ဟု ပြောခဲ့ဖူးသော Wisdom Hill မူကြိုကျောင်းဘက် မှ တာဝန်ရှိသူများ၊ သံသယတ ရားခံများအဖြစ် နာမည်ကျော်ခဲ့သူ နှစ်ဦးနှင့် အဓိကပတ်သက်သည့် မူကြိုကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၊ ဗစ်တိုးရီးယားထုတ်ဖော်ပြောဆို ဖူးသည့် မျက်မြင်သက်သေနှင်းနု ဟုဆိုသော မူကြိုဝန်ထမ်းတို့ထံမှ ဖြေရှင်းချက်၊ ရှင်းလင်းပြေဆို ချက်တစ်စုံတစ်ရာ ထွက်ပေါ်လာ ခြင်းမရှိသေးပေ။

အောင်ကြီးကို တရားစွဲတင် မှုအပေါ် အမှုစုံစမ်းဖော်ထုတ်မှုနှင့် ပတ်သက်၍ ကွဲလွဲသောအမြင် သဘောထား အမျိုးမျိုးကို ဖေ့စ် ဘွတ်ခ်၌ ရေးသားဝေဖန်နေကြသူ အများအပြားရှိနေသည်။ ဗစ်တိုး ရီးယားအမှုအတွက် ဖေ့စ်ဘွတ်ခ် တွင် ဖွင့်လှစ်ထားသည့် ‘Justic For Victoria’ စာမျက်နှာတွင် ရဲ တပ်ဖွဲ့၏ တရားခံဖော်ထုတ်မှုအ ပေါ် ယုံကြည်မှုမရှိကြောင်း ရေး သားမှုများ တွေ့ရှိခဲ့ရသည်။

No comments:

Post a Comment