Friday, July 5, 2019

အီတလီတွင် မီးတောင်ပေါက်ကွဲပြီးနောက် ဒေသတွင်း နေအိမ်များအပေါ် ပြာများဖုံးအုပ်

အီတလီနိုင်ငံ စတွန်ဘော်လီကျွန်းမှာ မီးတောင်ပေါက်ကွဲပြီးနောက် ဂျီနိုစထရာကျေးရွာက နေအိမ်အဆောက်အအုံတွေအပေါ် ပြာတွေဖုံးအုပ်နေတဲ့ ဒရုန်းရုပ်သံဖိုင်ကို ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇူလိုင် ၃ ရက်နေ့က မီးတောင်ပေါက်ကွဲပြီး ချော်ရည်တွေလည်း စီးကျခဲ့ပါတယ်။ အဲဒီ မီးတောင်ပေါက်ကွဲမှုအတွင်း ကမ္ဘာလှည့်ခရီးသွားလို့ ယူဆရတဲ့ လူတယောက် သေဆုံးခဲ့ပါတယ်။ သူဟာ လမ်းလျှောက်ထွက်လာချိန်မှာ တောင်ပေါ်က ပြုတ်ကျလာတဲ့ ကျောက်တုံးတွေ ထိမှန်ပြီး သေဆုံးခဲ့တာလို့ ကယ်ဆယ်ရေး ဝန်ထမ်းတယောက်က ပြောပါတယ်။ မီးတောင်ပေါက်ကွဲပြီး နောက်တနေ့မှာ ကမ္ဘာလှည့်ခရီးသွားတွေ အလာများတဲ့ မြေထဲပင်လယ်ပြင်ထဲက စတွန်ဘော်လီကျွန်း ရေပြင်တခုလုံး ပြာတွေ ဖုံးသွားခဲ့တာပါ။ ဒါ့အပြင် ကျွန်းအနောက်ဘက်မှာလည်း မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

No comments:

Post a Comment