Friday, July 5, 2019

အောင်လအန်ဆန် နိုင်ငံတကာဖိုက်တာဆု ချီးမြှင့်ခံရ

Fighters Only magazine က ချီးမြှင့်တဲ့ ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးပြိုင်ပွဲဆုချီးမြှင့်ပွဲမှာ အောင်လအန်ဆန်က နိုင်ငံတကာ ဖိုက်တာဆု ချီးမြှင့်ခဲ့ခဲ့ရပါတယ်။ ကချင်တိုင်းရင်းသား အောင်လ အန်ဆန်ဟာ MMA ONE ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံရွှေခါးပတ်aတွရဲ့ လက်ရှိချန်ပီယံလည်းဖြစ်ပါတယ်။ World MMA  Awards ဆုတွေကို ဇူလိုင် ၄ ရက်က အမေရိကန်နိုင်ငံ လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တာဖြစ်ပြီး MMA နဲ့ ပတ်သက်တဲ့ ဆုပေါင်း ၂၀ ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။


အောင်လအန်ဆန်ဟာ  ဖိုက်တာဆု စကာတင် ၅ ဦးစာရင်းမှာလည်း ပါဝင်ခဲ့ပေမယ့် UFC ဟဲဗီးဝိတ်ချန်ပီယံ ဒယ်နီရယ် ကော်မီယာကရရှိသွားပါတယ်။

အောင်လအန်ဆန်အနေနဲ့ နိုင်ငံတကာ ဖိုက်တာဆုကို UFC ၀ိတ်တန်းအလိုက် လက်ရှိချန်ပီယံတွေဖြစ်ကြတဲ့ ခါဘစ်၊ အူစမန်၊အက်ဒီဆန်ယာနဲ့ Bellator မစ်ဒယ်ဝိတ်ချန်ပီယံမော့ဆာစီ စတဲ့ ဖိုက်တာတွေကို ကျော်ဖြတ်ပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးဖိုက်တာဆုကိုတော့ UFC ချန်ပီယံ ၂ ဆုရှင်  ဘရာဇီး MMA ကစားသမား အမန်ဒါနူနက်စ်က ရရှိခဲ့ပါတယ်။

အကောင်းဆုံးပွဲစဉ်ကိုတော့ တိုနီ ဖာဂူဆန်နဲ့ အန်ဒိုနီပီတစ်တို့ ထိုးသတ်ခဲ့တဲ့ UFC ပွဲကို ရွေးချယ်ခဲ့ပါတယ်။ ကမ္ဘာ့ MMA ဆုချီးမြှင့်ပွဲကို ၂၀၀၈ ခုနှစ်ကတည်းက စတင်ပြီး နှစ်စဉ် ဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment