Friday, July 5, 2019

ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် အင်အား ၆ ဒသမ ၄ ရှိ ငလျင်လှုပ်

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား တောင်ပိုင်းမှာ ဇူလိုင် ၄ ရက်နေ့က ဆယ်စုနှစ် နှစ်ခုအတွင်း အားအပြင်းဆုံး ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိ မြေငလျင် လှုပ်ခဲ့ပါတယ်။ မြေငလျင်ဟာ လော့စ်အိန်ဂျလိစ်မြို့ အရှေ့မြောက်ဘက်က သဲကန္တာရမြို့ ရစ်ဂ်ျကရက်စ်မှာ နေ့လယ် ၁ နာရီခွဲအချိန် လှုပ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ (USGS) က ပြောပါတယ်။ မြေငလျင်ကြောင့် မီးလောင်တာ၊ အဆောက်အဦ ပျက်စီးတာတွေ ဖြစ်ခဲ့ပေမယ့် သေဆုံးသူ မရှိဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။


ငလျင်လှုပ်ပြီးနောက်မှာတော့ ရွှေ့ပြောင်းအိမ်တလုံး အောက်ခြေကနေ တိမ်းစောင်းခဲ့ပါတယ်။

ဥရောပမြေငလျင်အေဂျင်စီ (EMSC) က လူသန်း ၂၀ နေထိုင်တဲ့ နေရာမှာ  မြေငလျင်သက်ရောက်ခဲ့တယ်လို့ ပြောပါတယ်။

ဒေသခံတဦးက မြေငလျင်လှုပ်ချိန် သူဟာ ဗစ်တာဗေးလ်မြို့က ရုံးမှာ အလုပ်လုပ်နေပြီး ငလျင်လှုပ်ချိန်မှာတော့ ဂိုဒေါင်တခုထဲ သူတို့ ဝင်နေခဲ့တယ်လို့ ပြောပါတယ်။

ဒီမြေငလျင်ဟာ ၁၉၉၄ ခုနှစ်က လှုပ်ခဲ့တဲ့ ပြင်းအား ၆ ဒသမ ၆ အဆင့် နော့သ်ရစ်ဂ်ျ မြေငလျင်နောက်ပိုင်း အားအပြင်းဆုံးဖြစ်တယ်လို့ USGS ဘူမိပညာရှင်က ပြောပါတယ်။ နော့သ်ရစ်ဂ်ျ မြေငလျင်ဟာ လူဦးရေထူထပ်တဲ့ လော့စ်အိန်ဂျလိစ်မြို့ ဧရိယာမှာ လှုပ်ခဲ့ပြီး ဒေါ်လာဘီလျံချီ ပျက်စီးခဲ့ပါတယ်။

No comments:

Post a Comment