Friday, July 5, 2019

"နိုင်ငံရေးပါတီများနှင့် စကားပြောမှာလား၊ အလုံးစုံပျက်သုဉ်းခံမှာလား" ဟု အစိုးရကို မေးခွန်းထုတ်

လက်ရှိဖြစ်ပေါ်နေသောအခြေအနေများနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်လား၊ အလုံစုံပျက်သုဉ်းခံ မှာလား ဟု မြန်မာအမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် က မေးခွန်းထုတ်ပြောကြားသည်။ နိုင်ငံတော်၏ လက်ရှိအခြေအနေအရပ်ရပ်ကို လေ့လာသုံးသပ်သူ များက လတ်တလောဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ပြည်ခိုင်ဖြိုးပါတီ ဋ္ဌာနချုပ်တွင် ယနေ့ ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲတွင် ဦးကောင်းမြင့်ထွဋ် က မေးခွန်းထုတ်ပြောကြားခဲ့ခြင်း ဖြစ်သည်။



" လက်ရှိနိုင်ငံရေးပါတီ၊ နိုင်ငံရေးသမားတွေနဲ့ လက်ရှိအစိုးရဟာ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်းဆောင်ရွက်ဖို့လိုပါတယ်။ စကားပြော ဖို့လိုပါတယ်။ စကားပြောမှာလား ၊ အလုံးစုံပျက်သုဉ်းခံမှာလားလို့ ဒီကနေမေးခွန်းထုတ်ချင်ပါတယ်" ဟု မြန်မာအမျိုးသားကွန်ဂရက် ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ် က သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းထုတ်ပြောကြားသည်။

ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရခိုင်အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါအချက်များနှင့် ပတ်သက်ပြီး ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယမန်နေ့ကလည်း နိုင်ငံရေး ၂၃ ပါတီ ပူးတွဲသဘောထားကြေညာ ချက်တွင် ပါဝင်သည့် အချက်အလက်များနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ပါဝင်သည်။

သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေးပါတီအဖြစ် မြန်မာအမျိုးသား ကွန်ဂရက်ပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ဥက္ကဋ္ဌ များနှင့် ၈၈ မျိုးဆက်ကျောင်းသားများဖြစ်သည့် ဦးအေးလွင်နှင့် ဦးသန်းဦး တို့က ပါဝင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment