Friday, July 5, 2019

ယူကရိန်းတွင် ရင်နှီးမြှုပ်နှံရန် သမ္မတသစ် ဖိတ်ခေါ်

ယူကရိန်း သမ္မတသစ် ဗိုလာဒီမာ ဇေလန်စကီက ယူကရိန်းနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဇူလိုင်လ ၃ ရက်က ကျင်းပတဲ့ စီးပွားရေးညီလာခံက သတင်းစာ ရှင်းလင်းပွဲမှာ ဖိတ်ခေါ်လိုက်ပါတယ်။ ဇူလိုင်လ ၂ ရက်က ကနေဒါနိုင်ငံကို တရားဝင်ခရီးစဉ်နဲ့ ရောက်လာတဲ့ သမ္မတ ဇေလန်စကီက ယူကရိန်းနိုင်ငံရဲ့ ဥပဒေမူဝါဒတွေ တိုးတက်လာတဲ့ အကြောင်းနဲ့ တရားရေးစနစ် တိုးတက်လာဖို့ ကတိပြုတယ်လို့ ကနေဒါ စီးပွားရေးခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။


ဒါ့အပြင် အကျင့်ပျက် ခြစားမှုတွေကို တိုက်ဖျက်သွားဖို့လည်း ကတိပြုခဲ့ပြီး ယူကရိန်းပြည်သူတွေဟာ ပိုကောင်းတဲ့ ဘဝတွေကို စောင့်မျှော်နေရတာ စိတ်ပျက်နေကြပြီလို့ သူက ဆက်ပြောခဲ့ပါတယ်။

ဧပြီလ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဇေလန်စကီဟာ နိုင်ငံတွင်း အကျင့်ပျက်ခြစားတာတွေကို အမြစ်ပြတ် ဖယ်ရှားသွားဖို့ မဲဆွယ်ကတိပြုခဲ့တာပါ။

ကနေဒါနိုင်ငံဟာ ယူကရိန်းနိုင်ငံရဲ့ အနီးကပ်ဆုံး မဟာမိတ်နိုင်ငံ တနိုင်ငံဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်း စီးပွားရေးဖွံဖြိုးတိုးတက်မှုနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အကူအညီတွေအတွက် အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။

No comments:

Post a Comment