Friday, July 5, 2019

ဝါးစိမ်းတောင်ဒေသ၌် ကြေးနီသတ္တုသိုက် စမ်းသပ်ရှာဖွေမည့်အစီအစဉ် ဒေသခံများက လက်မခံသဖြင့် တိုင်းဒေသကြီးအစိုးရနှင့်ဆွေးနွေးပွဲ ရပ်ဆိုင်းခဲ့ရ

စစ်ကိုင်း တိုင်းဒေသကြီး ယင်းမာပင်ခရိုင်ရှိ စံပယ်တောင်၊ ကြေးစင်တောင် ကြေး နီစီမံကိန်းလုပ်ဆောင်နေသော မြန်မာ-ယန်စီကုမ္ပဏီမှ ဝါးစိမ်း တောင်ဒေသ၌ ကြေးနီနှင့်ဆက် စပ်သတ္တုရှာဖွေရေး ဖြစ်မြောက် နိုင်စွမ်းလေ့လာရန် မြေဧကတစ်သိန်း ကျော် တိုးချဲ့လျှောက်ထားမှုကို တိုင်းဒေသကြီးအစိုးရမှ ဒေသခံများ နှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၃ ရက် နံနက် ၈ နာရီက ယင်းမာပင် မြို့နယ် အိုးဘိုကျေးရွာ၌ ကျင်းပခဲ့ ရာ ဒေသခံများက လက်မခံခဲ့သည့် အတွက် ဆွေးနွေးပွဲရပ်ဆိုင်းခဲ့ရ ကြောင်း သိရသည်။



အဆိုပါဆွေးနွေးပွဲသို့ ယင်း မာပင်မြို့နယ် တောင်ပု၊ တရော်ကျင်း၊ အိုးဘို၊ ကျောက်ဗြုတ်နှင့် သပြေအေး ကျေးရွာများမှ ဒေသခံပြည်သူ ၃၀ဝ ခန့်တက်ရောက်ခဲ့ကြသည်။ဆွေးနွေးပွဲသို့စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်း အောင်၊ စည်ပင်သာယာရေးဝန် ကြီး ဦးမြင့်ကြည်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီး ဦးလာလ်ထောင်ထန်း နှင့် ယန်စီကုမ္ပဏီမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မှ အရာရှိများတက်ရောက်ကြခဲ့သည်။
""စမ်းသပ်ရှာဖွေမှာဖြစ်တဲ့အ ကြောင်း ရှင်းပြတာပါ။ စီမံကိန်းရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဒေသဖွံ့ဖြိုး ရေးအတွက် ရှင်းပြတာပါ။ ဒေသခံ တွေသဘောထားကို သိချင်တာပါ"" ဟု တွေ့ဆုံဆွေးနွေးခဲ့သူ တိုင်းဒေ သကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင် ကပြောကြားသည်။
ကြေးနီနှင့်ဆက်စပ်သတ္တုများ တူးမည်မဟုတ်သေးဘဲ စီးပွားဖြစ် ထုတ်လုပ်နိုင်စွမ်းရှိ၊ မရှိကိုသာ ကန ဦးစမ်းသပ်မည့်အဆင့်ဖြစ်သည်ဟု တိုင်းဒေသကြီး သတ္တုတူးဖော်ရေး ဌာနမှ တာဝန်ရှိသူကပြောသည်။

"" ဒေသရဲ့အသက်သွေးကြော ကို ဘယ်လောက်တိုးတက်မယ်ပြော ပြော လက်မခံနိုင်ပါ""ဟု အိုးဘိုကျေး ရွာမှ ဦးမြင့်ဌေးက ပြောသည်။
ဒေသခံများနှင့် တိုင်းဒေသကြီး ဝန်ကြီးအဖွဲ့၊ ကုမ္ပဏီအဖွဲ့တို့ နှစ် နာရီကျော်ကြာ ဆွေးနွေးခဲ့သော်လည်း ဒေသခံများကလက်မခံကြောင်း အော်ဟစ်ပြောဆိုခဲ့သည့်အတွက် ဆွေးနွေးပွဲကို ရပ်ဆိုင်းခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက စမ်းသပ်ရှာဖွေခွင့်အတွက် ပြည် ထောင်စုအဆင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနထံ လတ်တလော သဘောထားမှတ်ချက် မပေးသေးဘဲ ဆိုင်းငံ့ထားကြောင်း တိုင်းဒေသ ကြီးစည်ပင်သာယာရေး ဝန်ကြီး ဦးမြင့်ကြည်က ပြောကြားသည်။မြန်မာ-ယန်စီကုမ္ပဏီသည် လက်ရှိအကြီးစားသတ္တု ထုတ်လုပ် နေသော စံပယ်တောင်ကြေးစင် တောင် ဧရိယာအပြင် ဆားလင်း ကြီး၊ ယင်းမာပင်နှင့် ကနီမြို့နယ် အတွင်း မြေဧက ၁၁၃၉၇၃ ဒသမ ၁ ဧကတွင် ゞင်း၏ကုန်ကျစရိတ်ဖြင့် သတ္တုရှာဖွေစမ်းသပ်ရန် ပြည်ထောင် စုဝန်ကြီးဌာနသို့တင်ပြထားသဖြင့် တိုင်းဒေသကြီးအစိုးရ၏ သဘော ထားမှတ်ချက်တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment