Friday, July 5, 2019

အမေရိကန်တွင် အရက်စည်သိုလှောင်ရုံတရုံ မီးလောင်

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဇူလိုင် ၃ ရက်က ဝီစကီ အရက်စည်ပေါင်း လေးသောင်းခွဲကျော် သိမ်းထားတဲ့ သိုလှောင်ရုံတရုံ  မီးလောင်ခဲ့ပြီး မိုးကြိုးပစ်တာကြောင့် ဖြစ်နိုင်တယ်လို့ Jim Beam ဝီစကီ ကုမ္ပဏီက ပြောပါတယ်။ ဇူလိုင် ၂ ရက်နေ့ နှောင်းပိုင်းက Jim Beam ကုမ္ပဏီရဲ့ သိုလှောင်ရုံနှစ်ရုံ မီးစလောင်ခဲ့ပြီး ဇူလိုင် ၃ ရက်နေ့ မနက် မီးထိန်းနိုင်တဲ့အချိန်မှာ သိုလှောင်ရုံ တရုံကတော့ လုံးဝ ပျက်စီးသွားခဲ့ပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။ ကနဦး အချက်အလက်တွေအရ မိုးကြိုးပစ်တာကြောင့် မီးလောင်တာလို့ သိရပါတယ်။


အဲဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး အတည်ပြုဖို့ ကုမ္ပဏီအနေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ Jim Beam ကုမ္ပဏီ ပြောခွင့်ရ အရာရှိတယောက်က ပြောပါတယ်။

အခုလို မီးလောင်တာကြောင့် ကုမ္ပဏီရဲ့ ဝီစကီ လက်လီရောင်းဝယ်ရေးဈေးကွက်ကို ထိခိုက်မှု မရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

မီးလောင်ပျက်စီးသွားတဲ့ သိုလှောင်ရုံတရုံမှာ ဝီစကီ အရက်စည်ပေါင်း လေးသောင်းခွဲရှိပြီး စည်တလုံးစီမှာ အရက် ၅၃ ဂါလန် ပါပါတယ်။

Jim Beam ကုမ္ပဏီဟာ ကန်တက်ကီပြည်နယ်မှာ အရက်သိုလှောင်ရုံ ၁၂၆ ရုံ ဖွင့်လှစ်ထားပြီး အရက်စည်ပေါင်း ၃ ဒဿမ ၃ သန်းကျော် သိုလှောင်ထားပါတယ်။

No comments:

Post a Comment