Friday, July 5, 2019

မန်ချက်စတာမြို့တွင် မန်စီးတီးအသင်း၏လွှမ်းမိုးမှု ပိုမိုကြီးမားလာမည်ဟု ကစားသမားသစ် ရိုဒရီပြောကြား

မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာခဲ့သည့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီက အသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မန်ချက်စတာမြို့တွင် မန်စီးတီးအသင်း၏လွှမ်းမိုးမှု ပိုမိုကြီးမားလာမည်ဟု ထိုးနှက်ပြောကြားခဲ့ကြောင်း သိရသည်။ မန်စီးတီးအသင်းသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့်ရောက်ရှိလာခဲ့သည့် စပိန်ကွင်းလယ်ကစားသမား ရိုဒရီက အသင်းနှင့်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် မန်ချက်စတာမြို့တွင် မန်စီးတီးအသင်း၏လွှမ်းမိုးမှု ပိုမိုကြီးမားလာမည်ဟု ထိုးနှက်ပြောကြားခဲ့ကြောင်း သိရသည်။



မန်စီးတီးအသင်းသည် အသက် (၂၃)နှစ်ရှိ အက်သလက်တီကိုကွင်းလယ်လူ ရိုဒရီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ((၆၂.၈))သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။ ရိုဒရီက မိမိမှာ မန်ချက်စတာမြို့ကို နှစ်သက်သဘောကျသူဖြစ်ပြီး ပြီးခဲ့သည့်နှစ်များအတွင်း အပြောင်းအလဲများစွာပြုလုပ်ခဲ့သည့် မန်စီးတီးအသင်းအနေဖြင့် ပိုမိုလွှမ်းမိုးလာနိုင်ဦးမည်ဟု ပြောကြားခဲ့သည်။ မန်စီးတီးအသင်းသည် ရိုဒရီအား ၀ါရင့်ကွင်းလယ်လူ ဖာနန်ဒင်ဟို၏နေ ရာတွင် အစားထိုးရန် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ရိုဒရီက '' မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ (၅)နှစ်၊ (၆)နှစ်လောက်အတွင်းမှာ အပြောင်းအလဲများစွာပြုလုပ်ခဲ့ပြီး သမိုင်းကြောင်းကိုပါ ပြောင်းလဲနိုင်ခဲ့တယ်။ ဒါက မန်ချက်စတာမှာတင်မဟုတ်ပါဘူး။ အင်္ဂလန်မှာပါ သူတို့က လွှမ်းမိုးနိုင်ခဲ့တာပါ။ ဒီမြို့ကို ကျွန်တော်နှစ်သက်ပါတယ်။ ဒီအသင်းက လာမယ့်နှစ်တွေမှာလည်း မန်ချက်စတာမှာ လွှမ်းမိုးနိုင်ဦးမှာပါ။ ကျွန်တော်ဟာ ခြားနားတဲ့ကစားဟန်ရှိတဲ့ကလပ်အသင်းတွေမှာ ပါဝင်ကစားခဲ့ရသူဖြစ်လို့ ကံကောင်းတဲ့သူလို့ သတ်မှတ်ရမှာပါ။ ကျွန်တော့်ရဲ့ကစားပုံကလည်း ဒီအသင်းနဲ့ အံဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်'' ဟု ပြောကြားခဲ့သည်။

အက်သလက်တီကိုအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သည့် ရိုဒရီသည် ပြီးခဲ့သည့်ရာသီက ဗီလာရီးယဲလ်အသင်း မှ ပေါင် (၂၀)သန်းဝန်းကျင်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး တစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၄၇)ပွဲပါဝင်ကစားကာ (၃)ဂိုးသွင်းယူပေးခဲ့သည်။ ရိုဒရီသည် စပိန်လက်ရွေးစင်အသင်းအတွက်လည်း (၆)ပွဲပါဝင်ကစားပေးထားကြောင်း သိရသည်။

No comments:

Post a Comment