Friday, July 5, 2019

ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့ အထိမ်းအမှတ် တအိတ်ကို ၁ ဘတ်နှုန်းကောက်ခံ

နိုင်ငံတကာ ပလတ်စတစ်အိတ် အသုံးမပြုရေးနေ့ အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့ ရှောပင်းမောလ်တခုမှာ ဇူလိုင် ၃ ရက်က ပလတ်စတစ်အိတ်တအိတ်ကို ၁ ဘတ်နှုန်း စတင်ကောက်ခံနေပါတယ်။ ဒီအစီအစဉ်ကို ထိုင်းနိုင်ငံတ၀ှမ်းက The Mall Group လက်အောက်ခံ ရှော့ပင်းမောလ်တွေအထိ ချဲ့ထွင်မှာဖြစ်ပြီး ကောက်ခံရငွေတွေကို ထိုင်းနိုင်ငံ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ဖောင်ဒေးရှင်းကို လှူဒါန်းသွားမှာပါ။



ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်အရ တကမ္ဘာလုံးမှာ နှစ်စဉ် တခါသုံး ပလတ်စတစ်အိတ် ၅ ထရီလီယံအထိ အသုံးပြုနေတယ်လို့  သိရပါတယ်။

ထိုင်းအစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းအရဆိုရင်လည်း ထိုင်းနိုင်ငံဟာ တနှစ်ကို ပလတ်စတစ် စွန့်ပစ်ပစ္စည်းတန်ချိန် ၂ သန်းလောက် ထုတ်လုပ်နေတာပါ။

ဒါကြောင့်မို့ ရှောပင်းမောလ် ဈေးဝယ်တဦးက ဒီလို တခါသုံး ပလတ်စတစ်အိတ်တွေအပေါ် ငွေကောက်ခံတဲ့ အစီအစဉ်ကကောင်းပြီး လူတွေအနေနဲ့ သဘောဝပတ်ဝန်းကျင် ဘေးကင်းဖို့ ဒီလိုလုပ်ဖို့လိုတာကို သဘောပေါက်စေလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

No comments:

Post a Comment