Friday, July 5, 2019

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော်အပြင် ပတ်လမ်းစီမံကိန်း လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၌ စီမံကိန်းစတင်မည်

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရကုမ္ပဏီကို လာမည့်အောက်တိုဘာတွင် ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်တွင် စီမံကိန်းစတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ “ဒီစီမံကိန်းအတွက် လုပ်ကိုင်ခွင့်ရရှိသူကို လာမယ့်အောက်တိုဘာမှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ကျွန်တော်တို့က One on One Meeting တွေ ကုမ္ပဏီနဲ့တွေ့ပြီးလုပ်တဲ့အခါ တချို့ဟာတွေမှာ Terms and Condition  တွေညှိရသေးတယ်။ နောက်ပြီး ကျွန်တော်တို့ ဒီဘက်က ဆောင်ရွက်ချက်တွေမှာ သူတို့က အချိန်လေးပေးပါပေါ့နော်၊ လာမယ့်စက်တင်ဘာလကုန်မှာ သူတို့ကို Project Proposal တင်ခိုင်းမှာဖြစ်ပြီးတော့ အောက်တိုဘာမှာ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ၂၀၂၀ မှာ စတင်တော့မှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောကြားသည်။



ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရန်အတွက် အဓိကရည်ရွယ်၍ တည်ဆောက်မည်ဖြစ်သော ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်း ဖြစ်သည်။


အဆိုပါစီမံကိန်းကို Public Private Partnership (PPP)  ဖြင့် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ပြီး စုစုပေါင်းအရှည်မှာ ၄၇ ဒသမ ၅ ကီလိုမီတာဖြစ်သည်။ Phase 1 အဖြစ် အရှေ့ဘက်ခြမ်း လေးလမ်းသွားလမ်းမကြီး ၁၉ ကီလိုမီတာ၊ အရှေ့နှင့်အနောက် ချိတ်ဆက်ထားသော လေးလမ်းသွားခြောက် ကီလိုမီတာ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆက်သွယ်ထားသော နှစ်လမ်းသွား ၂ ဒသမ ၅ ကီလိုမီတာဖြင့် စုစုပေါင်း ၂၇ ဒသမ ၅ ကီလိုမီတာရှိသည်။

အဆိုပါစီမံကိန်းအတွက် တင်ဒါဝင် ရောက်ယှဉ်ပြိုင်လိုသူများကို ရွေးချယ်ရန် ဆန်ခါတင် အရည်အသွေးပြည့်မီသည့် လျှောက်လွှာ Request for Qualification (RFQ) တင်သွင်းစေပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လျှောက်လွှာ ၁၂ စောင်ကို လက်ခံရရှိခဲ့သည်။ တင်သွင်းလာသည့် ကုမ္ပဏီ ၁၂ ခုအနက်မှ ဆန်ခါတင်အရည်အသွေးပြည့်မီသည့် ကုမ္ပဏီ ၁၀ ခု အမည်စာရင်းကို ထုတ်ပြန်ထားသည်။ ယင်းကုမ္ပဏီ ၁၀ ခုတွင် ပြင်သစ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ မြန်မာစသည့်ကုမ္ပဏီများ ပါဝင်လျက်ရှိပြီး အများစုမှာ တရုတ်ကုမ္ပဏီများဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ကြိုတင်အရည်အသွေးပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူများအတွက် Request for Qualification (RFQ) ကို ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် မေ ၇၊ ၈ ရက်နှင့် ၉ ရက်များတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ IFC နှင့် အရည်အသွေးပြည့်မီသည့် တင်ဒါယှဉ်ပြိုင်သူများကို One on One Meeting များဆောင်ရွက်ခဲ့သည်။

ရန်ကုန်မိုးပျံအမြန်လမ်းနှင့် ရန်ကုန်မြို့တော် အပြင်ပတ်လမ်းစီမံကိန်းနှင့်အတူပင် လယ်ကူးသင်္ဘ࿿ောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် နိုင်ငံ၏ စီးပွားရေး စင်္က࿿ြံလမ်းမကြီးတစ်ခု ပေါ်ထွက်လာစေရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ရန်ကုန်မြို့ပြဖွံ့ဖြိုးရေး၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပင်လယ်ကူးသင်္ဘ࿿ောဆိပ်ကမ်းများ၊ Dry Ports အခြေပြုမြို့သစ်များနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ အဆင်ပြေစေရန်နှင့် နိုင်ငံ၏ စီးပွားရေးစင်္က࿿ြံလမ်းမကြီးတစ်ခုအဖြစ် ပေါ်ထွက်လာစေရန် ရည်ရွယ်ထားသည်။

ရန်ကုန်မိုးပျံအမြန်လမ်းမကြီးသည် ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မင်္ဂ္လာဒုံ စက်မှုဇုန်နှင့် ရန်ကုန်-မန္တလေးအမြန်လမ်းသို့ လွယ်ကူစွာသွားလာနိုင်ရန်မျှော်မှန်းထားပြီး သုံးနှစ်အတွင်း အပြီးတည်ဆောက်မည် ဖြစ်သည်။

No comments:

Post a Comment