Friday, July 5, 2019

ပြည်နယ်တိုင်းတွေမှာ လဝက ဝန်ကြီးဌာန တိုးချဲ့လိုက်တဲ့အပေါ် ပါတီ ၂၃ ခု ပူးတွဲကြေငြာချက်ထုတ် တုန့်ပြန်

ပြည်နယ်နဲ့တိုင်းတွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒကို ကျော်လွန်ပြီးလုပ်ဆောင်တာဖြစ်တယ်လို့ နိုင်ငံရေးပါတီအစုအဖွဲ့တွေက သဘောထားထုတ်ပြန်ကြေငြာ လိုက်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီအပါအ၀င် ပါတီပေါင်း ၂၃ ခုရဲ့ ပူးတွဲသဘောထားထုတ်ပြန်ကြေငြာတဲ့ သတင်းစားရှင်းလင်းပွဲတစ်ခု ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။



အစိုးရအနေနဲ့ ဒီလို လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးလိုက်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၉၆ ကို ကျော်လွန်လုပ်ဆောင်တာဖြစ်တယ်လို့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဥက္က ဒေါ်စန္ဒာဦးက အခုလိုပဲပြောပါတယ်။

အခုလို ၀န်ကြီးဌာနအသစ်တစ်ခု ထပ်ဖွဲ့လိုက်မယ့်အစား နိုင်ငံတွင်းက ဆင်းရဲမွဲတေမှုပြသနာကို အရင်ဖြေရှင်းသင့် တယ်လို့ ဒေါ်စန္ဒာဦးကဆိုပါတယ်။

ပါတီတွေရဲ့ ပူးတွဲထုတ်ပြန်ချက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်တွေ၊ ဖွဲ့စည်းပုံပြင်ဆင်တာတွေ လ၀က၀န်ကြီးဌာနဖွဲ့တာ စတာတွေဟာ ဖွဲ့စည်းပုံကို ကျော်လွန်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

No comments:

Post a Comment