Friday, July 5, 2019

ဈေး ထဲလာပြီးအလစ်သုတ် ခိုးယူသူ အမျိုးသမီးစောရ အား ဈေးသူဈေးသားများ ဖမ်းပြီးရဲလက်အပ်ပေးထား

ပေါင်မြို့ ကဒါရပ်ကွက်ရှိ မင်္ဂလာဈေး ထဲတွင် ဆိုင်မှ ပိုက်ဆံပုံးအား အလစ်သုတ်ခိုးယူသူ အမျိုးသမီး စောရ တစ်ဦးကို ပတ်ဝန်းကျင်ဆိုင်ခန်းများက မြင်တွေ့ဖမ်းဆီးပြီးရဲစခန်းသို့ ပို့အပ်ထားသည်။ ဇူလိုင်၅ရက် မနက်၇နာရီကျော်အချိန်က မင်္ဂလာဈေးတွင်ကုန်ခြောက်ရောင်းသူ မခင်အေး၏ဆိုင်ခန်းဖြစ်သော(က)ရုံ အခန်း၄၀ တွင် ဆိုင်ရှင်မှ အိမ်သာသို့ ခေတ္တသွားနေခဲ့စဉ် အမျိုးသမီးတစ်ဦးရောက်လာပြီး ဆိုင်ခန်းထဲမှ ပိုက်ဆံပုံးကိုယူ၍ ထွက်သွားခဲ့ကြောင်း။



ထိုအဖြစ်အပျက်အား ဘေးပတ်ဝန်းကျင်ဆိုင်များက မြင်တွေ့ခဲ့သဖြင့်ထိုအမျိုးသမီးအား လိုက်ဖမ်းခဲ့ကြကြောင်း ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးခဲ့ရာ ထိုအမျိုးသမီးသည် ပေါင်မြို့ ပေါင်းရပ်ကွက် ဆယ်အိမ်စုပိုင်းတွင် လွန်ခဲ့သည့် ၂လခန့်က အိမ်ထောင်ကျ ပြီးလာနေသူ မဖူးပွင့်ဝေ (ဘ)ဦးလွင်လွင် အသက် ၂၂နှစ် ဘုရားကြီးရှေ့ ဘားအံမြို့ ကရင်ပြည်နယ် ဇာတိဖြစ်ကြောင်းသိရပြီး လက်ထဲမှ ငွေ ၆ သောင်းကျော်ပါသည့် ပိုက်ဆံပုံးကိုပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်

ဈေးသားများမှ မြို့နယ်စည်ပင်သာယာ ရုံးကတဆင့် ပေါင်မြို့မရဲစခန်းသို့ ထိုစောရ အမျိုးသမီးအား ပို့အပ် ပေးခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်မှ အမှုဖွင့်တိုင်တန်းနေသည်ကို ဇူလိုင်လ ၅ ရက်နေ့လည်ပိုင်းက တွေ့ရသည်။

No comments:

Post a Comment