Friday, June 14, 2019

လေယာဉ်ကြံ့ခိုင်မှုကို သက်ဆိုင်ရာလေကြောင်းလိုင်းမှစစ်ဆေးရမည်ဟု ပြည်တွင်းလေကြောင်းမှ ဦးရဲထွဋ်အောင် ပြော

လက်ရှိပြေးဆွဲနေသောလေယာဉ်များ၏ကြံ့ခိုင်မှုကို သက်ဆိုင်ရာလေကြောင်းလိုင်းမှစစ်ဆေးရမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။ေ လယာဉ်များ၏လုံခြုံမှုအပိုင်းနှင့် ကြံ့ခိုင်မှုအပိုင်းစစ်ဆေးခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ၌ ယခုကဲ့သို့ ဖြေကြားပေးခြင်းဖြစ်သည်။



“ လေယာဉ်တစ်စီးရဲ့သက်တမ်းက မြန်မာနိုင်ငံမှာ နှစ် ၂၀ ပဲပေးထားပါတယ်။ နှစ် ၂၀ ထက် သက်တမ်း ကျော်တဲ့လေယာဉ်တွေကို ပြေးဆွဲခွင့်မပေးပါဘူး။ နှစ် ၂၀ သက်တမ်းမတိုင်ခင်ရှိနေတဲ့ လေယာဉ်တွေရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ တကယ်တမ်းစစ်ဆေးရမယ့် တာဝန်ရှိတဲ့အဖွဲ့အစည်းက သက်ဆိုင်ရာ လေကြောင်းလိုင်းကပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာလေကြောင်းလိုင်းတွေက အင်ဂျင်နီယာတွေကပဲ စစ်ဆေးရတာဖြစ်ပါတယ်” ဟု ပြည်တွင်းလေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်နံနက်ပိုင်းက မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ဆင်းသက်ရာ၌ လေယာဉ်ရှေ့ဘီးမကျသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံရှိ လေကြောင်းပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းမှု၊ စံချိန်စံနှုန်းများ အခြေအနေကို အပြည်ပြည်ဆိုင်ရာမြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO)က လာရောက် စစ်ဆေးကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းမှ လေကြောင်းဖွဲ့စည်းပုံ၊ လေယာဉ်ကြံ့ခိုင်မှု၊ လေယာဉ်မှူး၊ လေယာဉ်မောင်၊ လေယာဉ်မယ်၊ လေယာဉ်အင်ဂျင်နီယာများကို လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များအစရှိသည့် လေကြောင်းနှင့်ပတ်သက်သည့်ကဏ္ဍအားလုံးကို စစ်ဆေးကြောင်းသိရသည်။

No comments:

Post a Comment