Friday, June 14, 2019

ကလေးငယ်တစ်ဦးအား ထုတ်ပိုးထားဟန်ပြုထားသည့် အင်စတောလေးရှင်းပြသမှုများ နယူးယောက်ရဲဖယ်ရှား

Image may contain: shoes and outdoorကလေးငယ်တစ်ဦးအား ရောင်ပြန် အသက်ကယ် သတ္တုစောင်ပါးဖြင့် ထုတ်ပိုးထားဟန်ပြုလုပ်ထားသည့်အရာကို သံကြိုးတန်လးန်းပါရှိသော သံဇကာလှောင်အိမ်တစ်ခုအတွင်းထည့်ထားသည့် အင်စတောလေးရှင်းအနုပညာ(Installation Art)ပြသမှုများကို နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ ဇွန်(၁၂)ရက်နေ့က သိမ်းဆည်းဖယ်ရှားခဲ့သည်။ မည်သူမည်ဝါတို့က ဖန်တီးမှန်းမသိရသည့် အဆိုပါ အင်စတောလေးရှင်းပြသမှုများကို နယူးယောက်မြို့ ပလက်ဖောင်းအချို့တွင် ချ၍ ပြသထားခြင်းအား ထိုသို့ဖယ်ရှားခဲ့ခြင်းဖြစ်သည်။


အဆိုပါ သံဇကာလှောင်အိမ် အခု(၂၀)ကျော်ခန့်ကို နယူးယောက်မြို့ ပလက်ဖောင်းအချို့တွင်ချထားခြင်းဖြစ်ပြီး၊ လှောင်အိမ်တွင် ”ကလေးငယ်များ လှောင်အိမ်တွင်းမရှိစေရ(No Kids in Cages)”ဟူသည့် စာတန်းကိုရေးသားချိတ်ဆွဲထားသည်။

ကလေးငယ်များသည် နယ်စပ်ရှိ အကျဉ်းစခန်းများတွင် ရှိနေဆဲဖြစ်ကြောင်း၊ မိဘများနှင့် သီးခြားစီနေနေကြရကြောင်း၊ အဆိုပါ ထောင်နှင့်ချီသည့်ကလေးငယ်များသည် ထိတ်လန့်ကြောက်ရွံ့စွာနိုးထလာနေကြရပြီး၊ ထိတ်လန့်မှုကြောင့် တုန်လှုပ်နေကြကြောင်း၊ ကလေးငယ်(၆)ဦးသေဆုံးပြီးဖြစ်ကြောင်းကိုလည်း လှောင်အိမ်တွင် စာရေးသားထားသည်။

မက္ကဆီကို-အမေရိကန်နယ်စပ်တွင် မက္ကဆီကိုဖက်မှ ရွှေ့ပြောင်းဝင်ရောက်လာသော ကလေးငယ်များအား အမေရိကန်ဖက်မှ အကျဉ်းချထိန်းသိမ်းထားခြင်းကို ကန့်ကွက်သော ကမ်ပိန်းတစ်ခုဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment