Friday, June 14, 2019

သဘာဝဘေးကြောင့် ရေလှောင်တမံများ မထိခိုက်ရန် ငလျင်တိုင်းစက်တပ်ဆင်စစ်ဆေးနေဟုဆို

သဘာဝဘေး ကြောင့် ရေလှောင်တမံများမထိ ခိုက်စေရန်  လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီးဌာနလက်အောက်ရှိ ရေ လှောင်တမံများတွင် ငလျင်တိုင်း  စက်များ တပ်ဆင်ထားပြီး စီမံ ချက်ရေးဆွဲ၍ ပညာရှင်များဖြင့် နေ့၊ညမပြတ်စစ်ဆေးနေကြောင်း ရေအားလျှပ်စစ် အကောင်အ ထည်ဖော်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးချစ်တိုးကပြော သည်။ ‘‘ဆည်အသီးသီးမှာ ငလျင်  တိုင်းစက်တွေ တပ်ထားပြီးပြီ။  ဆည်တွေကို စပြီးဒီဇိုင်းလုပ်က တည်းကဘေးထွက်ဆိုးကျိုးကိစ္စ ကို အထူးဦးစားပေးပြီးတော့ထည့် ပြီး ဆောင်ရွက်ထားတယ်။
အဲ ဒီတော့ငလျင်ကြောင့်တော့ သိပ် ပြဿနာမရှိဘူး။ ဘာမှဖြစ်လာ စရာအကြောင်းမရှိဘူး’’ ဟု ၎င်းက ယမန်နေ့တွင် ပြုလုပ်သော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၏လစဉ် သတင်းစာရှင်းလင်းပွဲ တွင် 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။  ငလျင်လှုပ်ပါက သက်ဆိုင်ရာဆည်တည်နေရာ၏ ၁၀ ကီလိုမီတာအတွင်း ငလျင်ပြင်းအား၊ လှုပ်အားနှင့် ၅၀ ကီလိုမီတာအတွင်း ငလျင်ပြင်းလှုပ် ပါက လုပ်ဆောင်ရမည့် လမ်းညွှန် ချက်များအတိုင်း  ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးချစ်တိုးကပြော သည်။

ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဦးစီးဌာနသည်  ဆည်များတွင် နေ့စဉ်မှတ်တမ်း ယူပြီး သက်ဆိုင်ရာဌာနများမှ ငှားရမ်းထားသည့် အဖွဲ့အစည်း များဖြင့်အကဲဖြတ်ဆောင်ရွက်နေ ကြောင်း ၎င်းကဆိုသည်။

 ဆည်တွင် စိုးရိမ်စရာ အန္တရာယ်ရှိလာမည်ဆိုပါက အ ချိန်နှင့် တစ်ပြေးညီနာရီအလိုက် သက်ဆိုင်ရာ ၀က်ဘ်ဆိုက်များမှ တစ်ဆင့် ထုတ်ပြန်မည်ဖြစ် ကြောင်း ဦးချစ်တိုးကပြောသည်။

ဆည်မြောင်းများအန္တရာယ် ရှိသည်ဟု ကောလာဟလထွက် ပြီးပြည်သူများအကြား စိုးရိမ်မှုမ ဖြစ်စေရန်ဆည်၌ တာဝန်ကျသူ များနှင့် လွှတ်တော်ကိုယ်စားလှယ် များမှတစ်ဆင့် သတင်းမှန်များ ကို လူထုထံအသိပေးရန်နှင့် ပညာပေးရန် လိုအပ်ကြောင်း ၎င်း ကထောက်ပြသည်။

‘‘ဆည်ဆိုတာမျိုးက ရေ ဖောက်ချလို့မရဘူး။ သို့သော်ရေ လှောင်နိုင်တဲ့ပမာဏထက်များ သွားရင်တော့ ရေပိုလွှဲက လျှံကျ  လေ့ရှိတယ်။ အဲဒါသည် အရင် တုန်းကတော့ ပုံမှန်စီးနေတဲ့  ချောင်း၊ ဆည်ပိတ်လိုက်တော့ ရေကရေစီးနည်းသွားတယ်။ မိုး တွင်းရေကြီးတဲ့အချိန်ကျမှ  ရေ ပိုလွှဲကလျှံကျလာတဲ့ရေ၊ အဲဒီလို ဟာမျိုးလေးကို ပြည်သူကို ကွဲကွဲ ပြားပြားသိအောင်ဆိုပြီးတော့ ပို ပြီးတော့ပညာပေးဖို့လိုတယ်’’ ဟု ၎င်းကပြောသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး  ဌာနလက်အောက်တွင် ဆည်  ခုနစ်ခုရှိပြီး ခြောက်ခုသာ ထိန်း သိမ်းထားရာ ရဲရွာရေလှောင်တမံနှင့် အထက်ပေါင်းလောင်းရေလှော်တမံတို့ပါဝင်ကြောင်း ဦးချစ်တိုးကပြောသည်။

No comments:

Post a Comment