Friday, June 14, 2019

“မသေခင်လှူဒါန်းသွားချင်တယ်ဆိုတဲ့ဈေးသည်အဘွားရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့တဲ့ချမ်းမြေ့မောင်ချိုတို့ မောင်နှမ

Image may contain: 4 people, people smiling, people sittingMyanmar Time သတင်းဌာနကနေ အင်တာဗျူးမှာဖြေထားတဲ့ မသေခင်မှာ အလှူလုပ်ချင်တယ်ဆိုတဲ့အဖွားအိုရဲ့ရုပ်သံဖိုင်ဟာ လူမှုကွန်ရက်မှာ ကြည်ရှု့သူများပြားခဲ့ပြီး လူပေါင်းများစွာ အဖွားကို ဂရုဏာသက်နေကြပါတယ်…. အဝေးရောက်မလှူနိုင်တဲ့သူတွေကလည်း အဖွားအတွက် တစ်ဆင့်လှူဒါန်းကြသလို ကိုယ်တိုင်သွားရောက်ပြီးလှူဒါန်းကြသူတွေလည်းရှိပါတယ်…. အဲဒီအထဲမှာ Myanmar Idol Season 3 မှာ ပရိသတ်အခိုင်အမာရရှိထားတဲ့ချမ်းမြေ့မောင်ချိုတို့ မောင်နှစ်မတွေလည်းပါဝင်ပါတယ်…


အဖွားထံကို ကိုယ်တိုင်သွားလှူခဲ့တဲ့ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင် Thura က သူရဲ့စာမျက်နှာမှာ ယခုလိုပို့စ်တင်ထားပါတယ်
“ကိုယ်ရောက် တော့ ပါမုန့်ကုန်သွားပြီ သားဆိုလို့ငွေ ၅၀၀၀၀ ပဲကန်တော့လိုက်ရတယ်…..

ကျနော့်အတူ အလှူရှင်ကတော့ …ကျနော့်ညီမလေး ChanMyae MgCho က (၁၀၀၀၀၀)ကျပ်နဲ့ အမေရိက က ကိုကြီး (Okkar Jade n Min Thu က(50000)ကျပ် ပဲဖြစ်ပါတယ်ခင်ဗျာ သာဓုသာဓုသာဓု ပါ ကိုကြီး နဲ့ ညီမလေး 🙏🏼🙏🏼🙏🏼”

ချမ်းမြေ့မောင်ချိုဟာ ရုပ်ချောသလောက် စိတ်ထားကောင်းတဲ့သူအဖြစ် လူသိများပြီး အနုပညာလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်… အဖွားကို တတ်နိုင်သလောက် လှူဒါန်းကြဖို့ ချစ်တဲ့ပရိသတ်ကြီးကိုလည်း အကြံပြုပါတယ်နော်…..

No comments:

Post a Comment