Friday, June 14, 2019

Channel Mandalay TV သတင်းထောက် ကိုနန္ဒကို ပုဒ်မ ၅ခုဖြင့် စွဲချက်တင်

Image may contain: 3 people, people standing, hat and outdoorမန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာတွင် ကျေးရွာသားများနှင့် ရဲတပ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားမှုကို LIVE ရိုက်ကူးထုတ်လွှင့်ခြင်းကြောင့် ဖမ်းဆီးခံရသော Channel Mandalay TV သတင်းထောက် ကိုနန္ဒ(တစ်ကိုယ်တော်)ကို ပုသိမ်ကြီးမြို့နယ်တရားရုံးက ယနေ့ ဇွန်လ ၁၃ရက်နေ့တွင် ပုဒ်မ၅ခုဖြင့် စွဲချက်တင်ကြောင်းသိရသည်။


ထိုသို့ တရားရုံးမှ စွဲချက်တင်ခဲ့သော ပုဒ်မများမှာ ပုဒ်မ၁၄၇(ရုန်းရင်းဆန်ခတ် ဖြစ်ပွားအောင်ပြုလုပ်မှု) ၊ပုဒ်မ ၃၅၃ (ဝတ်တရားနှောက်ယှက်မှု) ၊ ပုဒ်မ၃၃၂ (သာမန်နာကျင်မှု) ၊ ၃၃၃ (ပြင်းထန်နာကျင်စေမှု) ၊ ပုဒ်မ ၁၁၄ ( အားပေးကူညီမှု) တို့ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်ဟု Channel Mandalay TVမှ အယ်ဒီတာချုပ် ကိုမင်းဒင်ကဆိုသည်။

“ကျနော်အဲလောက်ထိ ပြစ်မှုတွေ ကပ်လိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး။ မီဒီယာ သမားတွေအတွက်စိုးရိမ်ရပြီလို့ထင်မိတယ်” ဟု ကိုမင်းဒင်ကပြောဆိုသည်။

ကိုနန္ဒဖမ်းဆီးထိန်းသိမ်းခံထားရသည်ကို အမြန်ဆုံးပြန်လွှတ်ပေးပါရန် မေလ ၁၅ရက်နေ့တွင် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) ကလည်း အရေးပေါ်ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

“အခုမှ သူတို့က စွဲချက်တင်ထားတုန်းပဲရှိသေးတာ မစစ်ဆေးရသေးတဲ့အတွက် ဒီအပေါ်မှာ မှတ်ချက်မပေးချင်သေးဘူး”ဟု ကိုနန္ဒ၏ ရှေ့နေ ဦးစည်သူကဆိုသည်။

အဆိုပါ တရားစွဲဆိုခြင်း ကိစ္စနှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းကို ဇွန်လ ၂၁ရက်နေ့သို့ ချိန်းဆိုခဲ့သည်ဟု သိရသည်။

No comments:

Post a Comment