Friday, June 14, 2019

ကျိုင်းတုံတွင် လေပြင်းကြောင့် ကိုယ်ထူကိုယ်ထကျောင်းပြိုကျ၍ ပညာသင်ကြားရေးအခက်တွေ့နေ

ကျိုင်းတုံမြို့နယ်တွင်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုများအတွင်း ယခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့သော ကိုယ်ထူကိုယ် ကျောင်းတစ်ကျောင်း ပြိုကျ၍ စာ သင်ကြားရေးအခက်တွေ့နေပြီး ပြန်လည်တည်ဆောက်နိုင်ရေး အကူအညီပေးရန် ယင်းကျောင်း မှ ကျောင်းဆရာမတစ်ဦးက မေတ္တာရပ်ခံသည်။ ကျိုင်းတုံမြို့နှင့် မိုင်ငါးဆယ် ခန့်ဝေးကွာပြီး ပအိုဝ်းတိုင်းရင်း သားများနေထိုင်သည့် ပိန် တောက်ကျေးရွာအုပ်စု ပါင်ခုတ် ကျေးရွာတွင် ဇွန်လ ၁၂ ရက် ည နေက လေပြင်းတိုက်ခတ်ပြီးကျေး ရွာမူလတန်းကျောင်း ပြိုကျပျက် စီးခဲ့ခြင်းဖြစ်သည်။


‘‘ဒီနှစ်မှ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်နိုင်တာ။ အခုပြိုကျ တော့ စာသင်ဖို့အခက်အခဲတွေ ရှိ နေပါတယ်’’ ဟု ပါင်ခုတ်ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းဆ ရာမလွေးခမ်းက ပြောသည်။

ပါင်ခုတ်ကျေးရွာမူလတန်း ကျောင်းတွင် KG တန်းနှင့်သူငယ် တန်းကျောင်းသား ၃၃ ဦးရှိပြီး ဆရာမနှစ်ဦးက သင်ကြားပေးနေ သည်။ ဘုန်းကြီးကျောင်းတစ် ကျောင်းတွင် တွဲ၍ဖွင့်လှစ်ထား သော အဆိုပါကိုယ်ထူကိုယ်ထ ကျောင်းကို ဇွန်လ ၅ ရက်က ဖွင့်လှစ်ခဲ့ပြီး ဇွန်လ ၁၂ ရက်တွင် လေပြင်းကြောင့် ပြိုကျပျက်စီးခဲ့ သည်။

‘‘ကိုယ်ထူကိုယ်ထကျောင်း တွေအတွက်က နဂိုကတည်းက အခက်အခဲတွေရှိတာပါ။ အခုက တော့ ပိုဆိုးတာပေါ့။ သူတို့အ တွက် အလှူရှင်တွေ လိုအပ်ပါ တယ်’’ ဟု ပအိုဝ်းဒေသတွင် ကိုယ် ထူကိုယ်ထကျောင်းများ ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်နေသည့် မိုင်း အိုက်နိုင်က ပြောသည်။ ပျက်စီးသွားသော ကျောင်း ကို ပြန်လည်တည်ဆောက်နိုင် ရေး လှူဒါန်းလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉-၂၅၃၀၀၀၀၁၆ နှင့် ၀၉-၂၅၁၉၄၅၄၁၅ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment