Friday, June 14, 2019

တရားရုံးအချုပ်သို့ ဧည့်လာတွေ့သူထံမှ မူးယစ်ဆေးဝါးများဖမ်းမိ

အင်းစိန်မြို့နယ်မြောက် ပိုင်းခရိုင်တရားရုံးအချုပ်တွင် ခင် ပွန်းထံ ဧည့်လာတွေ့သူအမျိုး သမီး၏ မိန်းမကိုယ်အတွင်းမှ စိတ်ကြွဆေးပြား ၉၀ ကျော်ဖမ်း ဆီးရမိကြောင်း အင်းစိန်မြို့မ ရဲစခန်းမှူး ဒုရဲမှူးတင်လတ်က ပြောသည်။ မင်္ဂလာဒုံမြို့နယ်နေ အ သက်(၄၀)နှစ်ရှိ မစန်းရီသည် ဇွန်လ ၁၂ ရက်နေ့လယ် ၁ နာရီ က မြောက်ပိုင်းခရိုင်တရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓားပြမှု) ဖြင့် တရားရင်ဆိုင်နေရသည့် ခင် ပွန်းထွန်းဝင်း(ခ)နိုင်ဦး(ခ) ကု လားကြီး၏ရုံးချိန်းသို့ လာရောက် စဉ် မသင်္ကာ၍ စစ်ဆေးရာမှတွေ့ ရှိခြင်းဖြစ်သည်။



တရားရုံးစစ်ဆေးရေးဂိတ် တွင် ဧည့်တွေ့လာသူမစန်းရီကို တာဝန်ကျရဲမေများက စစ်ဆေး ရာ မိန်းမကိုယ်အတွင်း ပလတ်စ တစ်အိတ်ဖြင့် ထည့်သွင်းယူ ဆောင်လာသည့်အမည်းရောင် အထုပ်ကို တွေ့ရှိခဲ့ကြောင်း ဒုရဲ မှူးတင်လတ်က ပြောသည်။

ထို့နောက် မှုခင်းမှတ်တမ်း တာဝန်ခံရဲအုပ်မျိုးမင်းဦးနှင့်အဖွဲ့က သက်သေများရှေ့တွင်စစ် ဆေးရာ WY စာတန်းပါစိတ်ကြွ ဆေး ၉၉ ပြား(တန်ဖိုးကျပ် ၂၄၇,၅၀၀) သိမ်းဆည်းရမိခဲ့ သည်။

‘‘သူ့ယောက်ျားမှာလို့ ထည့် လာတာလို့ စစ်ဆေးပေါ်ပေါက်ပါ တယ်။ အဲဒီပစ္စည်းတွေကို ပလတ် စတစ်အိတ်နဲ့ လက်သန်းအရွယ် လောက်ကျစ်ပြီး ထည့်လာတာ။ မသင်္ကာလို့ ရဲမေတွေရှာဖွေစစ် ဆေးရာမှာ တွေ့ခဲ့တာပါ။ သူ့ကို ချုပ်ရမန်ယူပြီး အင်းစိန်ထောင်မှာ ချုပ်ထားတယ်။ နောက်ထပ်ကွင်း ဆက်တရားခံတွေရှိ၊ မရှိစုံစမ်းစစ် ဆေးနေပါတယ်’’ ဟု ဒုရဲမှူးတင် လတ်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မစန်းရီကို အင်းစိန်မြို့မရဲစခန်း က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေး ယူထားသည်။ ဇွန်လ ၁၁ ရက်ကလည်း ဧရာဝတီတိုင်း မြောင်းမြအကျဉ်း ထောင်သို့ ထောင်ဝင်စာလာတွေ့ သည့် အမျိုးသမီးတစ်ဦးထံမှ မူး ယစ်ဆေးဝါးများ သိမ်းဆည်းရမိ ခဲ့သည်။

No comments:

Post a Comment