Friday, June 14, 2019

အဆို​တော်​အစ္စဏီအား နှစ်​ရက်​ဆက်​ ရုံးထုတ်​၊ တရားလိုပြသက်​​သေ ၇ဦး​မြောက်​အား စစ်​​ဆေး

အဓမ္မပြုကျင့်​မှုအပါအဝင်​ ပုဒ်​မ သုံးခုဖြင့်​ တရားစွဲဆိုခံထားရသည့်​ အဆို​တော်​အစ္စဏီကို ယ​နေ့(ဇွန်​ ၁၃ရက်​) ရန်​ကုန်​မြို့၊ တာ​မွေမြို့နယ်​တရားရုံး၌ နှစ်​ရက်​ဆက်​ရုံးထုတ်​ခဲ့သည်​။ ယ​နေ့ရုံးချိန်းတွင်​ တရားလိုပြသက်​​သေ ၇ဦး​မြောက်​အဖြစ်​ အမှုစစ်​ရဲအရာရှိတစ်​ဦးကို စစ်​​ဆေးခဲ့သည်​။ အမှုစစ်​​ဆေးချက်​အရ အမှန်တရား​ပေါ်​ပေါက်​လာသလို အစ္စဏီအတွက်​လည်း အ​ကောင်းဘက်​မှာ ရှိ​နေ​ကြောင်း ၄င်း၏ရှေ့​နေ ဦး​ကျော်​ဇင်​ဦးက ​ပြောသည်​။ အဆိုပါအမှုတွင်​ တရားလို စူးရှထက်ဘက်​မှ သက်​​သေ လူပုဂ္ဂိုလ်​ ၁၀ဦး​ကျော်​ကို တရားရုံးသို့ တင်​သွင်းထားသည်​။

No comments:

Post a Comment