Friday, June 14, 2019

တရားမဝင်ရွှေ့ပြောင်းအခြေချမှုကို တားဆီးမှုဆောင်ရွက်ရန် မိမိစီးသည့်လေယာဉ်ကိုရောင်းချမည်ဟု မက္ကဆီကိုသမ္မတပြောကြား

မက္ကဆီကိုသမ္မတAndres Manuel Lopez Obrador က ၄င်း၏သမ္မတလေယာဉ်ကိုရောင်းချ မှုမှရရှိသည့် အမြတ်အစွန်းများကို တရားမဝင်ရွှေ့ပြောင်းအခြေချမှုကို တားဆီးမှုဆောင်ရွက်ရာတွင် အသုံးပြုရန် ရန်ပုံငွေအဖြစ်သုံးစွဲ သွားမည်ဟု ပြောကြားခဲ့သည်။



အဆိုပါဆောင်ရွက်မှုသည် မက္ကဆီကိုအပေါ် အမေရိကန်မှ သွင်းကုန်အခွန်ကောက်ခံမှုကို ရှောင်ရှားသည့်အနေဖြင့် မက္ကဆီကို က အမေရိကန်သို့ဝင်ရောက်လာ မည့် ဗဟိုအမေရိကမှရွှေ့ပြောင်း အခြေချသူများကို တားမြစ်ပေးရန် မက္ကဆီကိုနှင့်အမေရိကန်တို့အကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ၄င်း၏ မဲဆွယ်စည်းရုံးမှုအတွင်းတွင် လက်ဝဲဝါဒီသမား Obrador က ၄င်း၏လေယာဉ်ကိုရောင်းချ ကာ ဆင်းရဲသည့်လူ့အသိုင်းအဝိုင်း အား ကူညီရာတွင်အသုံးပြုသွား မည်ဟု ကတိပြုခဲ့ခြင်းဖြစ်သည်။

သမ္မတလေယာဉ်Boeing 787 Dreamliner ၏ ခန့်မှန်းတန်ဖိုး သည် အမေရိကန်ဒေါ်လာသန်း ၁၅ဝရှိပြီး ၄င်း၏မူလဝယ်ရင်း ဈေးတန်ဖိုးမှာ ဒေါ်လာ ၂၁၈ သန်း ဖြစ်သည်ဟုသိရသည်။ အဆိုပါ လေယာဉ်ကို လွန်ခဲ့သည့်လပေါင်း များစွာကတည်းက ရောင်းချနေ ခြင်းဖြစ်ပြီး ကယ်လီဖိုးနီးယားရှိ ဂိုဒေါင်တစ်ခုတွင် ထားရှိထား ကြောင်းသိရသည်။ မက္ကဆီကို နိုင်ငံသည် အစိုးရပိုင်လေယာဉ် များနှင့် ရဟတ်ယာဉ်အစင်း ၇ဝ တို့အားလည်း ရောင်းချရန်ဆောင် ရွက်နေလျက်ရှိသည်ဟုသိရသည်။

No comments:

Post a Comment