Friday, June 14, 2019

အာဖဂန်တွင် ရဲကားကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ၊ ၉ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့မှာ ဇွန်လ ၁၃ ရက်နေ့က အသေခံဗုံးခွဲသမားတယောက်ဟာ ရဲကားတစီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေ အပါအဝင် လူကိုးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။ အရပ်သားငါးယောက်နဲ့ ရဲတပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၁၂ ယောက်ကျော် ဒဏ်ရာရခဲ့ပါတယ်။



ဂျလာလာဘတ်မြို့ထဲမှာ ရဲကားတစ်ီးဖြတ်သွားချိန် အနားမှာ လမ်းလျှောက်လာတဲ့ အသေခံဗုံးခွဲသမားက သူ့ကိုယ့်သူ ဖောက်ခွဲခဲ့တယ်လို့ နန်ဂါဟာပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ ပြောခွင့်ရ အာတာဟူလာ ခူဂျီယာနီက ပြောပါတယ်။

လက်ရှိအချိန်ထိ အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ တာဝန်ယူပြောကြားတာ မရှိသေးပါဘူး။

ဒါပေမယ့် မကြာသေးခင်နှစ်တွေက အိုင်အက်စ် စစ်သွေးကြွအဖွဲ့ဟာ ဂျလာလာဘတ်မြို့ထဲက အစိုးရရုံးတွေ၊ စာသင်ကျောင်းတွေနဲ့ အကူအညီပေးရေး အဖွဲ့တွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကတည်းက နန်ဂါဟာပြည်နယ်မှာ စတင်လှုပ်ရှားနေတဲ့ အိုင်အက်စ်အဖွဲ့ကို နှိမ်နင်းဖို့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ စစ်ဆင်ရေးတွေ အရှိန်တိုးမြှင့်သွားမယ်လို့ အာဖဂန်အစိုးရနဲ့ အမေရိကန်စစ်တပ် အရာရှိတွေက ပြောပါတယ်။

မကြာသေးခင်လတွေက ပြုလုပ်ခဲ့တဲ့ ၁၇ နှစ်ကျော်ကြာ အာဖဂန်စစ်ပွဲ အဆုံးသတ်ရေး အမေရိကန်အစိုးရနဲ့ အာဖဂန်အခြေစိုက် တာလီဘန်စစ်သွေးကြွ ခေါင်းဆောင်တွေအကြား ဆွေးနွေးမှုကလည်း အရှိန်မြင့်တက်နေပါတယ်။

No comments:

Post a Comment