Friday, June 14, 2019

စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်ကြီးကို ဘက်စုံမွမ်းမံပြုပြင်နေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင်ဖြူမြို့နယ်ရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော် ရာ စေတီကြီးကို ပုဂံခေတ်လက်ရာများဖြည့်စွက်ကာ ဘက်စုံမွမ်းမံပြုပြင်လျက်ရှိကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးဦးစန်းဌေးက ပြောသည်။ အဆိုပါ ဘက်စုံပြုပြင်ခြင်းကို ဇေကမ္ဘာမိသားစုမှ ပဓာနဒါယကာပြုကာ ကျိုက်ထီးဆောင်း ငါးသုံးလီ မိသားစုနှင့် ခုနှစ်ရက်သားသမီးတို့၏ အလှူဒါန လုပ်အားဒါနတို့ဖြင့် ဘက်စုံမွမ်းမံပြုပြင်နေခြင်း ဖြစ်သည်။


“တောင်ဘက်မုခ်မှာ မနှစ်ကပုဂံခေတ်လက်ရာမုခ်ဦးကြီးနဲ့ ကားပါကင်တွေလုပ်ခဲ့ပါတယ်။ရေစက်ချပွဲမှာသာသနာ ရေးဝန်ကြီးကိုရွှေသင်္က္န်းကပ်ဖို့ရှိတဲ့အကြောင်းတင်ပြလိုက်ပါတယ်။ ဝန်ကြီးကမြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ချုပ်နဲ့ နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်း (ဗဟို)ဥက္ကဋ္ဌဌ ဖြစ်တဲ့ ဒေါက်တာခင်ရွှေကို ဖိတ်ကြားပြသပြီးတဲ့ နောက်မှာ ဒီလို ဘက်စုံလှူဒါန်းမှုတွေ ဖြစ်လာတာပါ” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ပြောသည်။

ဘက်စုံပြုပြင်မွမ်းမံရာတွင်စေတီတော်ကြီး၏မူလထီးတော်ဟောင်းကို ပယ်ကာရတနာစိန်ဖူးတော်၊ရတနာငှက်မြတ်နားတော်၊မကိုဋ်သုံးဆင့် ရွှေထီးတော်သစ်ဆက်ကပ်ခြင်း  ထီးတော်ဟောင်းအစားထီးစေတီအသစ် တည်ထားကိုးကွယ် ခြင်း နှင့် လုံးတော်ပြည့် ရွှေရောင်စတီးသင်္က္န်း ကပ်လှူခြင်းများ ကို လုပ်ဆောင်နေပြီး ဇူလိုင်လ ၁၃ရက်နေ့၌ ရေစက်ချအခမ်းအနား ပြုလုပ်သွားမည်ဟု သိရသည်။

“ဘုရားရှင်ရဲ့မုဒြာအစုံပါဝင်တဲ့ပုဂံခေတ်လက်ရာ ကျောက်ခွက်ဘုရားအဆူ(၅၀)ကိုဖြည့်စွက်တည်ထားခြင်း  များလည်းလုပ်ဆောင်နေပြီးဒီဇင်ဘာလမှာဘက်စုံပြုပြင်မှုများပြီး  စီးရင်အလှူရှင်များရဲ့လှူဒါန်းမှုတန်ဖိုးကိုတွက် ချက်နိုင်မှာ ဖြစ်ပါတယ်။ ဘုရားကြီးရဲ့ နဝကမ္မငွေ ကျပ် သိန်းတစ်ထောင်ကို အသုံးပြုပြီး ဘုရားပတ်လည် မီးကြိုးများသွယ်တန်းခြင်း ၊ ထရန်စဖော်များထိုင်ခြင်း ၊ အများသုံး သန့်စင်ခန်းများ တည်ဆောက်ခြင်းတို့ကိုလည်း လုပ်ဆောင်နေပါတယ်”ဟု  ခရိုင်အုပ်ချုပ်ရေးမှူးက ပြောသည်။

No comments:

Post a Comment