Friday, June 14, 2019

သစ်ပင်ချစ်သူများ ညီလာခံ ရန်ကုန်မြို့တွင် ပြုလုပ်မည်

 မြန်မာတစ်နိုင်ငံလုံးရှိ သစ်ပင်ချစ်သူများ တက်ရောက် ဆွေးနွေးမည့် သစ်ပင်ချစ်သူများ ညီလာခံကို ရန်ကုန်မြို့တွင် ပြုလုပ်မည်ဟု ညီလာခံ ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်း ရေးမှူး ကိုဇော်ထွန်းအောင်က ပြောသည်။ြ မန်မာတစ်နိုင်ငံလုံး သစ်ပင်ချစ်သူများ ညီလာခံကို  ဇူလိုင် ၆ ရက်နှင့် ၇ ရက်တို့တွင် ရန်ကုန်မြို့ Sky Star ဟိုတယ်၌ နှစ်ရက်ကြာပြုလုပ်မည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ၎င်းက ပြောသည်။ မြန်မာတစ်နိုင်ငံလုံး သစ်ပင်ချစ်သူများ ညီလာခံကို  တစ်နိုင်ငံလုံးရှိ သစ်ပင်စိုက်ပျိုးနေသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းများ၊ ပညာရှင်များ စုစည်းပြီး ပိုမိုထိရောက်သည့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်ဟု ကိုဇော်ထွန်းအောင်က ဆိုသည်။



အဆိုပါ ညီလာခံတွင် မြန်မာတစ်နိုင်ငံလုံး၌ သစ်ပင်စိုက်ပျိုးနေသည့် အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ရာ သစ်ပင်စိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများ၊ သစ်ပင်စိုက်ပျိုး မှုနှင့်ပတ်သက်၍ လေ့လာနေသည့်ပညာရှင်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်သူများ ၏ ဟောပြောမှုများပါဝင်မည် ဖြစ်သည်။

ညီလာခံသို့ တစ်နိုင်ငံလုံးသစ်ပင်စိုက်ပျိုးနေသည့် အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ် ပြီး လက်ရှိတွင် အဖွဲ့ ၆၀ ခန့်က တက်ရောက်ရန် စာရင်းပေးထားပြီး ဖြစ်သည်။

ထို့အပြင် ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်း အမှတ်အဖြစ် ပဲခူးတိုင်း ပန်းပျိုးလက် ဘုန်းကြီးကျောင်း၌ ပန်းပျိုးလက် ဆရာတော်ဦးဆောင်၍ သစ်ပင်ချစ်သူများဖိုရမ် ကျင်းပ ရေးအဖွဲ့ဝင်များ ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးမည် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး သစ်ပင်ချစ်သူများ ညီလာခံဖြစ်မြောက် ရေးကော်မတီကို ၂၀၁၉ မေလတွင် သစ်ပင်ချစ်မြတ်နိုးသူများနှင့် ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment