Friday, June 14, 2019

နယ်စပ်တလျှောက် ရိုဟင်ဂျာ လှေစီးပြေးများ ၀င်ရောက်လာမှုအား ထိုင်းမလေး အာဏာပိုင်များ စောင်ကြည့်စစ်ဆေးနေ

ယခုရက်ပိုင်း အတွင်းက ထိုင်းမလေးနယ်စပ် စထွန်းခရိုင် လန်ကာဝီကျွန်းအနီး ပင်လယ်ကမ်းကို ကပ်နားခဲ့တဲ့ စက်လှေပေါ်မှာ ရိုးဟင်ဂျာ ၆၀ နဲ့  မြန်မာ ငါးဦး လိုက်ပါတဲ့ဖြစ်ရပ်ဟာ လူကုန်ကူးမှုနဲ့  ပါတ်သက်နေကြောင်းေ တွ့ ရှိရတာကြောင့် ထိုင်းအာဏာပိုင်တွေဟာ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။



စက်လှေပိုင်ရှင် ထိုင်းနိုင်ငံသား Sangkhom Paphan စန်ခုန်ပါပန် အသက် (၄၉) နှစ်နဲ့  မြန်မာနိုင်ငံသား (၅) ဦးကို လူကုန်ကူးမှု ဥပဒေနဲ့  ဖမ်းဆီး စစ်ဆေးနေပြီဖြစ်ပါတယ်။လတ်တလောအခြေအနေမှာ ထိုင်းဝန်ကြီးချုပ် ပရယု ကျန်အိုချာက ရိုဟင်၈ျာ လှေစီးခိုဝင်လာသူတွေကို လိုအပ်တဲ့ ကျန်းမာေ၇းစောင့်ရှောက်မှုတွေ ပေးထားပြီး အခြေအနေအမှန်ကို သိရအောင် စုံစမ်းစစ်ဆေးဘို့  သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားကြောင်း သိရပါတယ်။
မြန်မာစစ်တပ်က လူမျိုးတုန်း သတ်ဖြတ်မှုလို့  အကြောင်းပြပြီး လူမှောင်ခိုသမားတွေဟာ ရိုဟင်ဂျာ လူနည်းစုဝင်တွေကို အခကြေးငွေယူပြီး တတိယ နိုင်ငံတွေ ပို့ ပေးနေကြရာမှာ ထိုင်းကိုဖြတ် မလေးကို ၀င်တဲ့ လမ်းတွေမှာ ရေလမ်းကြောင်း ကိုသုံးနေတာဖြစ်ပါတယ်။

UNHCR ကုလ မင်းကြီး ရုံး (မလေးရှားအစီရင်စာ ၂၀၁၉ ဧပြီ)အစီရင် ခံစာအရ မလေးနိုင်ကိုရောက်ရှိပြီး ဒုက္ခသည်အဖြစ် လျှောက်ထားသူ မြန်မာ ၁၄၇၀၀၀ ကျော်မှာ ရိုဟင်ဂျာ 90,200 Rohingyas ကိုးသောင်း ၂၀၀ ရှိကြောင်း သိရပါတယ်။

ခုလို ဒုက္ခသည်အကြောင်းပြပြီးပြီး လူမှောင်ခိုကူးနေကြတဲ့ လုပ်ငန်းဟာ  ကြီးထွားလာနေတာကို ထိုင်းနဲ့ မလေး နိုင်ငံပူးတွဲဖြေရှင်း နိုင်ဘို့  ထိုင်းမလေးနယ်စပ် ကမ်းခြေတွေမှာ နှစ်နိုင်ငံ လုံခြု့ရေးတပ်တွေ့ စောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့  သိရပါတယ်။

No comments:

Post a Comment