Friday, June 14, 2019

မလေးရှားနိုင်ငံသား ဖွင့်ထားသော ငါးဂိမ်းလောင်းကစားဒိုင်ကို ဖမ်းဆီး

မန္တလေးမြို့တွင် မလေး ရှားနိုင်ငံသား ဖွင့်ထားသော ငါး ဂိမ်းလောင်းကစားဒိုင်ကို  ဇွန်လ ၁၂ ရက်ညက ဖမ်းဆီးရာ ပိုင်ရှင် နှင့် ဆိုင်မန်နေဂျာ ထွက်ပြေးသွား ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။  ချမ်းအေးသာစံမြို့နယ် ၇၄×၃၂ လမ်းထောင့်ရှိ အိမ်တွင် ငါးဂိမ်းလောင်းကစားဒိုင် ဖွင့်နေ ကြောင်း သတင်းအရ  ရဲတပ်ဖွဲ့ က သွားရောက်ဖမ်းဆီးရာ လူ ၁၁ ဦး ဖမ်းမိပြီး ငါးဂိမ်းဆော့ဖ်ဝဲများ ထည့်သွင်းထားသည့် ကွန်ပျူတာ ၂၂ လုံးနှင့် ဆက်စပ်ပစ္စည်းများ အပါအ၀င် ကျပ်သိန်း ၁၀၀ ခန့်၊ငွေရေစက်၊ ပတ်စ်ပို့နှင့် အခြား ပစ္စည်းများ ဖမ်းမိကြောင်း ရဲမှတ်တမ်းများ၌ ဖော်ပြသည်။


  လောင်းကစားဒိုင်အဖြစ် လုပ်ကိုင်နေသူ မလေးရှားနိုင်ငံ သား Tan Yean Onn နှင့် မန်နေဂျာ ရဲထွဋ်တို့ ထွက်ပြေးတိမ်းရှောင်နေပြီး စာရင်းကိုင်မြန်မာအမျိုးသမီး ငါးဦးနှင့် လောင်းကစားပြု လုပ်သူ ခြောက်ဦးကို ဖမ်းမိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ် သက်၍ လောင်းကစားဒိုင် မလေးရှားနိုင်ငံသားနှင့် စာရင်းကိုင်ဝန်ထမ်း၊ လောင်းကစားပြုလုပ်သူ စုစုပေါင်း ၁၃ ဦးကို ချမ်းအေးသာစံမြို့နယ်ရဲစခန်းက လောင်းကစားဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်သူများကို ဖမ်းမိရေးဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ   သိရသည်။

No comments:

Post a Comment