Friday, June 14, 2019

နယ်မြေဒေသအခက်အခဲကြောင့် မိုင်းကိုင်မြို့ တအောင်းကျေးရွာများမှ ကလေးငယ်များအောင်လံမြို့ရှိ ပရဟိတဘုန်းတော်ကြီးကျောင်း၌ လာရောက်ပညာသင်ကြားနေကြရ

 နယ်မြေ ဒေသအခက်အခဲကြောင့် ရှမ်းပြည် နယ် မိုင်းကိုင်မြို့နယ် တအောင်း ဒေသကျေးရွာများမှ ဒေသခံ ကလေးငယ် ၂၃ ဦးသည် မကွေး တိုင်းဒေသကြီး အောင်လံမြို့နယ် ဇေယျသုခပရဟိတဘုန်းတော်ကြီး ကျောင်း၌ လာရောက်နေထိုင်ကာ ပညာသင်ကြားနေကြရကြောင်း သိရသည်။ ""မိုင်းကိုင်မြို့နယ် တအောင်း ဒေသကျေးရွာတွေက ဒေသခံက လေးငယ်တွေက ပညာရေးနိမ့် ကျမှုမရှိအောင် အဲဒီဒေသကပရ ဟိတဆရာတော်တွေက ကမ်းလှမ်း တာနဲ့ သွားရောက်ခေါ်ခဲ့တာပါ။ အဲဒီမှာ စာသင်ကျောင်းတွေရှိပေ မယ့် တည်နေရာလမ်းပန်းဆက် သွယ်ရေး ခက်ခဲတာ၊ စားဝတ်နေ ရေးခက်ခဲတာနဲ့ လုံခြုံမှုခက်ခဲတာ တွေရှိနေတာပါ။ အခုဒီမှာ တ အောင်းဒေသက ကလေးအငယ် ဆုံး အသက်ခြောက်နှစ်ကနေ (၁၇) နှစ်အထိ စုစုပေါင်း ၂၃ ဦးကို အ ခမဲ့ကျွေးမွေးစောင့်ရှောက်ပညာ သင်ကြားပေးထားပါတယ်ဟု ဇေ ယျသုခပရဟိတ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းမှ ဆရာ တော်ကြီး အရှင်ဒေဝိန္ဒက မိန့် ကြားသည်။



ယခုပညာသင်ကြားနေသော ကလေးငယ်များမှာ တအောင်းဒေ သကျေးရွာမှဖြစ်သော လွယ်ရွယ် ရွာ၊ ခွဲနွဲ့ရွာနှင့် နတ်မှော်ပြင်ကျေးရွာ များမှ ကျား ငါးဦး၊ မ ၁၈ ဦး စုစု ပေါင်း ၂၃ ဦးအား ၂၀၁၉ ခုနှစ် မေလအတွင်းက ခေါ်ယူကူညီစောင့် ရှောက်ပေးထားခြင်းဖြစ်သည်။
ဇေယျသုခပရဟိတဘုန်းတော် ကြီးသင်ပညာရေးကျောင်း၌ ၂၀၁၉ ပညာသင်နှစ်တွငKG တန်းမှ G7 အတန်းအထိ သံဃာ ၂၄ ပါး သီလရှင်ခြောက်ပါး၊ ကျောင်းသား ၁၂၅ ဦးနှင့် ကျောင်းသူ ၁၆၈ ဦးတို့အား ဆရာတော်အပါအဝင် သံဃာသုံးပါး ဆရာခြောက်ဦးနှင့် ဆရာမခြောက်ဦးတို့က အခမဲ့ပညာ သင်ကြားပေးလျက်ရှိကြောင်း သိရ သည်။

No comments:

Post a Comment