Friday, June 14, 2019

တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီး၊ ၆၁ ဦးထက်မနည်းသေဆုံး

တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ ဒီသီတင်းပတ်အတွင်း မိုးသည်းထန်ပြီး ရေကြီးတာကြောင့် လူ ၆၁ ယောက်ထက်မနည်း သေဆုံးပြီး သုံးသိန်းခွဲကျော်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့တယ်လို့ ကယ်ဆယ်ရေး အာဏာပိုင်တွေက ဇွန်လ ၁၃ ရက်နေ့မှာ ပြောပါတယ်။ မိုးသည်းရေကြီးတာကြောင့် နေအိမ် ၉၃၀၀၊ စိုက်ပျိုးမြေ ဟက်တာ ၃ ဒသမ ၇ သန်းကျော် ပျက်စီးပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၂ ဘီလျံနီးပါး ဆုံးရှုံးခဲ့တယ်လို့ အရေးပေါ် စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။



ရေကြီးရာဒေသတွေဖြစ်တဲ့ အရှေ့တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်ကနေ အနောက်တောင်ပိုင်း ချုံကျင်းမြို့အထိ ဒေသတွေက လူပေါင်း ၄၃၀၀ ကျော်ကို ကယ်ဆယ်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

နွေကာလအတွင်း တရုတ်နိုင်ငံ မြောက်ဘက်စွန်းမှာ မိုးခေါင်တဲ့ဒဏ်ကို ပုံမှန်ကြုံတွေ့ရပြီး တောင်ပိုင်းမှာတော့ ရေကြီးတဲ့ဒဏ်ကို ခံစားရတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

No comments:

Post a Comment