Friday, June 14, 2019

နိုင်ငံခြားသားကစားသမားနှစ်ဦးနှင့် ပြည်တွင်းကစားသမားနှစ်ဦး ဇွဲကပင်ယူနိုက်တက်အသင်းခေါ်ယူ

ရာသီဝက်အပြောင်းအရွှေ့ကာလ နောက် ဆုံးရက်တွင် နိုင်ငံခြားသားကစားသမားနှစ်ဦးနှင့် ပြည်တွင်း ကစားသမားနှစ်ဦး ဇွဲကပင်ယူနိုက်တက်အသင်း ခေါ်ယူခဲ့သည်။ြ မန်မာနေရှင်နယ်လိဂ် ဒု-အကျော့အတွက် ရာသီဝက် အပြောင်းအရွှေ့ကာလကို မေ ၁၃ရက်မှ ဇွန် ၁၂ရက်အထိ တစ်လကြာ သတ်မှတ်ပေးထားခဲ့သည်။ ဇွဲကပင်ယူနိုက်တက် အသင်းသည် ပထမအကျော့တွင် ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ တန်းဆင်းဇုန်အသင်းနှင့် နှစ်မှတ်သာကွာဟပြီး အဆင့် ၉နေ ရာတွင် ရပ်တည်ခဲ့ရသည်။



ဇွဲကပင်ယူနိုက်တက်အသင်းသည် ဒု-အကျော့အတွက် ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံသားကွင်းလယ်ကစားသမား ရှီမို နိုကို ရာသီကုန်အထိစာချုပ်ချုပ်ဆိုခဲ့သလို ကင်မရွန်းနိုင်ငံ သား တိုက်စစ်မှူးရာစင်ကိုလည်း ရာသီကုန်အထိ စာချုပ်ချုပ် ဆိုခဲ့သည်။ထို့အပြင် ပြည်တွင်းကစားသမားခေါ်
ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ကြည်လင်း၊ ဇွဲကပင် ယူနိုက်တက်အသင်းကစားသမားဟောင်း ဖြိုးမောင်မောင်ဆွေ ကို ဧရာဝတီယူနိုက်တက်အသင်းမှ ပြန်လည်ခေါ်ယူခဲ့သည်။

ဇွဲကပင်ယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ဒု-အ ကျော့ပွဲစဉ်(၁၂)တွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေပြီး ဇွန် ၁၅ရက်တွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

No comments:

Post a Comment