Friday, June 14, 2019

ပွဲစဉ်ဇယား ထွက်ပေါ်လာပြီးနောက် ဆိုးလ်ရှား ဘယ်တော့ ထုတ်ပယ်ခံရမလဲဆိုတဲ့ ပရိသတ်တွေရဲ့ ခန့်မှန်းချက် ထွက်ပေါ်လာ

2019 – 20 ဘောလုံး ရာသီ ကို ခက်ခဲ တဲ့ ပွဲစဉ် နဲ့ စတင် ရမယ့် နောက် ဘောလုံး ပရိသတ် တွေက မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နား ဆိုးလ်ရှား အသင်း မှ ဘယ်တော့ အထုတ်ပယ် ခံရ လိမ့် မလဲ ဆိုတာ ကိုယ်စီ ခန့်မှန်း သွားခဲ့ ကြ ပါတယ် ။ြ ပီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက အမှတ်ပေး ဇယား အဆင့် 6 နေရာ နဲ့ ရာသီ ကုန်ဆုံး ခဲ့ ရတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လာမယ့် ဘောလုံး ရာသီ သစ်ကို ပွဲကြီး ပွဲကောင်း အဖြစ် ချဲလ်ဆီး အသင်း နဲ့ စတင် ကစား သွား ရမှာ ပဲ ဖြစ် ပါတယ် ။



အဲ့ဒီ နောက် စက်တင်ဘာ 28 ရက် နေ့မှာ ပြိုင်ဖက် အာဆင်နယ် အသင်း နဲ့ မရင်ဆိုင် မီ ဝုလ်ဗ် ၊ ခရစ္စတယ် ပဲလေ့စ် ၊ ဆောက်သမ်တန် ၊ ဝက်စ်ဟမ်း အသင်း တို့နဲ့ လည်း ဆက်တိုက် ဆို သလို ရင်ဆိုင် ကစား ရပါ ဦးမယ် ။

အဲ့ဒီနောက် အောက်တိုဘာ 5 ရက် နေ့မှာ နယူးကာဆယ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး အောက်တို့ဘာ 19 ရက် နေ့မှာ တော့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း နဲ့ ဆက်လက် ရင်ဆိုင် ရမှာပဲ ဖြစ် ပါတယ် ။

ဒါ့ကြောင့် ဘောလုံး ပရိသတ် အများစု ကတော့ သုံးနှစ် စာချုပ် နဲ့ ယူနိုက်တက် နည်းပြ ဖြစ်လာ ခဲ့တဲ့ ဆိုးလ်ရှား ဟာ အောက်တို့ဘာ လ အတွင်း မှာ ယူနိုက်တက် အသင်း နဲ့ လမ်းခွဲ ရ လိမ့်မယ် လို့ သုံးသပ် နေကြ ပါတယ် ။

ပရိသတ် တစ်ဦး ကတော့ အောက်တိုဘာလ 26 ရက် နေ့မှာ နောဝှစ်ခ်ျ အသင်း ကို 2 – 0 ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ် ရှုံးနိမ့် ပြီးနောက် ဆိုးလ်ရှား ဟာ ယူနိုက်တက် နည်းပြ အဖြစ် မှ ထုတ်ပယ် ခံရ လိမ့်မယ် လို့ သုံးသပ် သွားခဲ့ ပါတယ် ။

နောက်ထပ် ပရိသတ် တစ်ဦး ကတော့ ဆိုးလ်ရှား ဟာ ဒီဇင်ဘာလ အထိ ယူနိုက်တက် မှာ ရှိနိုင် လိမ့်မယ် လို့ ဆိုသွာ ခဲ့ပြီး နိုင်ပွဲ သုံးပွဲ သာ ရှာဖွေ နိုင်တဲ့ နောက် ယူနိုက်တက် မှ ထွက်ခွာ သွားရ လိမ့်မယ် လို့ ဆိုသွား ခဲ့ ပါတယ် ။

တတိယ မြောက် ပရိသတ် ကတော့ ဆိုးလ်ရှား ဟာ လီဗာပူး အသင်း ကို ရင်ဆိုင် ပြီးတဲ့ နောက် အသင်း မှ ထုတ်ပယ် ခံရမှာ ဖြစ်ကြောင်း ‘ ကလော့ပ် ဟာ ဆိုးလ်ရှား ထွက်အောင် လုပ်လိမ့်မယ် ‘ လို့ သုံးသပ် ရေးသား သွားခဲ့ ပါတယ် ။

နောက်ထပ် ပရိသတ် တစ်ဦး ကတော့ ဆိုးလ်ရှား ဟာ ယူနိုက်တက် နဲ့ နှစ်ဖက် သဘော တူညီ မှု ရယူ ပြီးနောက် ယူနိုက်တက် မှ ထွက်ခွာ သွား လိမ့်မယ် လို့ ဆိုသွား ခဲ့လိုက် ပါတယ် ။

ဆိုးလ်ရှား ဟာ ယူနိုက်တက် ယာယီ နည်းပြ ဘဝ တုန်းက ကောင်းမွန် လှတဲ့ ရလဒ်တွေ ရယူ ထားနိုင် ခဲ့ ပေမယ့် အမြဲတမ်း နည်းပြ ဘဝ မှာ ဆက်တိုက် ဆိုသလို ရုန်းကန် ခဲ့ ရတာ ကြောင့် ပရိသတ် တွေရဲ့ သံသယ မျက်စိ နဲ့ စောင့်ကြည့် ခြင်း ခံနေ ရ ပါတယ် ။

နောက်ဆုံး ပရိသတ် တစ်ဦး ကတော့ လက်စတာ နဲ့ ကစား ရမယ့် စက်တင်ဘာ လ 13 နေ့မှ ပွဲစဉ် ဟာ ဆိုးလ်ရှား ရဲ့ ယူနိုက်တက် နည်းပြ ဘဝ နောက်ဆုံး ပွဲစဉ် ဖြစ်သွား နိုင်တယ် လို့ ခန့်မှန်း သွားခဲ့ ပါ သေးတယ် ။

No comments:

Post a Comment