Friday, June 14, 2019

ပြစ်မှုမမြောက်သည့် ကလေးသူငယ်အသက်ကို (၁၀)နှစ်အောက်ဟု ပြင်ဆင်ရေးဆွဲ ကလေးငယ်၏အသက်ကို (၁၆)နှစ်မှ (၁၈)နှစ်ဟုလည်းကောင်း၊ အလုပ်လုပ်နိုင်စွမ်းရှိသည့် ကလေးအသက်ကို (၁၄)နှစ်အောက် မငယ်စေရဟု ပြင်ဆင်

 ပြစ်မှုမမြောက်သည့် ကလေးသူငယ် အသက်အရွယ်ကို (၁၀)နှစ်အောက်ဟု ကလေးသူငယ်အခွင့်အရေး ဥပဒေတွင် ပြင်ဆင်ရေးဆွဲထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော်က ပြောသည်။ လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် ကလေးသူငယ်အခွင့်အရေး ဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီး အသက်အရွယ်ပိုင်းဆိုင်ရာ သတ် မှတ်မှုများ ပြောင်းလဲခြင်း ဖြစ် သည်။



မြန်မာနိုင်ငံတွင် ပြစ်မှုမ မြောက်သည့် ကလေးလူငယ်အ သက်ကို (၇)နှစ်အောက်ဟု သတ် မှတ်ထားရာမှ (၁၀)နှစ်အောက်၊ အသိဉာဏ်အမြော်အမြင် မရှိလျှင် (၁၀)နှစ်အောက် ဖြစ်ပါက ပြစ်မှုမမြောက်ဟုဆိုသည့်အစား (၁၂)နှစ်အောက်ဟု ပြင်ဆင်ရေး ဆွဲထားခြင်းဖြစ်ကြောင်း ဒေါက် တာကေသီကျော်က ဆိုသည်။

‘‘ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်မှု တစိုက်မတ်မတ် လုပ်လာတဲ့အခါမှာ ပိုပြီးထိရောက်စေဖို့အတွက် ဒီအခွင့်အရေး ဥပဒေကို ရေးဆွဲထားခြင်း ဖြစ်ပါတယ်’’ဟု ၎င်းက ဇွန်လ၁၁ ရက်တွင် ပြုလုပ်သည့် ကမ္ဘာ့ ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အခမ်းအနား ၌ပြောသည်။

ထို့အပြင် ယင်းဥပဒေကြမ်း တွင် ကလေးသူငယ်၏ အသက် ကို (၁၆)နှစ်မှ (၁၈)နှစ်သို့ ပြင် ဆင်ရေးဆွဲကာ အလုပ်လုပ်ကိုင် နိုင်စွမ်းရှိသည့် ကလေး၏အသက်  ကို (၁၄)နှစ်အောက် မငယ်စေရ ဟု ထည့်သွင်းထားသည်။

‘‘(၁၄)နှစ်အောက်ကို လုံးဝ အလုပ်ခိုင်းစေခြင်း မပြုရပါဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ မသင်မနေ ရ ပညာရေးစနစ်အရ (၁၄)နှစ် ထက် ပိုခဲ့ရင်လည်း အဲဒီအသက် အပိုင်းအခြားအထိ အလုပ်ခိုင်း စေခွင့် မရှိစေရပါဘူး’’ဟု ဒေါက် တာကေသီကျော်က ဆက်လက် ပြောကြားသည်။

သို့သော် ယင်းဥပဒေကြမ်း သည် လွှတ်တော်သို့ တင်သွင်းထားဆဲဖြစ်၍ အတည်ပြု ကျင့် သုံးနိုင်ခြင်း မရှိသေးပေ။

အစိုးရက ပြင်ဆင်ရေးဆွဲ ထားသည့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေသည် ကလေးလုပ်သားများကို အကာအကွယ်ပေးနိုင်သဖြင့် ကြိုဆိုကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ဆက်သွယ်ညှိနှိုင်းရေးအရာရှိ Mr. Rory Mungoven က ဆိုသည်။

 ‘‘မြန်မာအစိုးရအနေနဲ့ ကလေးသူငယ် အခွင့်အရေးနဲ့ ကလေးလုပ်သား လျော့နည်းပ ပျောက်ရေးကို ILO သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်’’ဟု ၎င်းကပြော သည်။

မြန်မာနိုင်ငံတွင် ကလေးဦး ရေ ၁၂ သန်းကျော်ရှိကာ  ခြောက်သိန်းကျော်သည် ကလေးအလုပ် သမားအဖြစ် လုပ်ကိုင်နေကြောင်း ၂၀၁၈ ၌ ကောက်ယူခဲ့သည့် လုပ်သားအင်အား စစ်တမ်းအစီရင် ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးလုပ်သား ခြောက်သိန်းအနက် လေးသိန်း သည် အန္တရာယ်ရှိသည့် အလုပ်လုပ်ကိုင်နေရကြောင်း ယင်းအစီ ရင်ခံစာက ဆိုသည်။ ကလေးလုပ်သားများ လျှော့နည်းပပျောက်ရေး နိုင်ငံတော်က အမျိုးသားစီမံချက် ရေးဆွဲအကောင်အထည်ဖော်နေသည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန  ညွှန်ကြား ရေးမှူးချုပ် ဦးညွန့်ဝင်းက ပြော သည်။

No comments:

Post a Comment