Friday, June 14, 2019

“ဟောင်ကောင်အပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်မှာလဲ” – အုပ်ချုပ်ရေးမှူး ကယ်ရီလမ်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဇွန်လ ၁၂ ရက်နေ့ ရုပ်သံမေးမြန်းတခုမှာ “ဟောင်ကောင်အပေါ် ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်မှာလဲ” လို့ မျက်ရည်လည်ရွဲနဲ့ ပြောလိုက်ပါတယ်။ ကယ်ရီလမ်းက ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ လူငယ်အများအပြား ပါဝင်နေတာကို မြင်တွေ့ရလို့ စိတ်ပူမိတယ်လို့ ပြောပါတယ်။ေ ဟာင်ကောင်ဟာ ငြိမ်းချမ်းမှုနဲ့ ဆင်ခြင်တုံတရားကို အစဉ်သဖြင့် ထောက်ခံတဲ့ နေရာဖြစ်တယ်လို့လည်း ကယ်ရီလမ်းက ဆိုပါတယ်။



ဆက်လက်ပြီး သူက “တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းဟာ အငြင်းပွားဖွယ် ဖြစ်တယ်ဆိုတာ သံသယမရှိဘူး။ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှင်းပြတာနဲ့ အပြန်အလှန် ပြောဆိုဆက်ဆံတာက အထောက်အကူဖြစ်ပေမယ့် စိုးရိမ်စိတ်နဲ့ အငြင်းပွားမှုကို အပြီးတိုင် ဖယ်ရှားနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

တချို့က သူ့ကို ဟောင်ကောင်အပေါ် သစ္စာဖောက်တယ်လို့ ပြောပေမယ့် သူဟာ ဟောင်ကောင်မှာ မွေးဖွားကြီးပြင်းလာတဲ့အတွက် ဘယ်လိုလုပ် သစ္စာဖောက်ရက်မှာလဲလို့ ကယ်ရီလမ်းက ဆိုပါတယ်။

ဒါ့အပြင် ကယ်ရီလမ်းက သူ့နေရာဟာ ပုဂ္ဂိုလ်ရေး အနစ်နာခံမှု အများအပြား လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဖြစ်လာတာက သူ့ဘဝကို ဟောင်ကောင်အတွက် ပေးဆပ်လိုက်တဲ့ အဓိပ္ပာယ် ဖြစ်တယ်လို့ ကယ်ရီလမ်းက ရုပ်သံအင်တာဗျူးမှာ ပြောခဲ့ပါတယ်။

No comments:

Post a Comment