Friday, June 14, 2019

စစ်ကိုင်းတိုင်းဒေသကြီး ရောင်ဟီး (ဖောင်းပြင်)-ပင်လည်ဘူးလမ်း လမ်းသစ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာခွင့် ယာယီပိတ်ထား

ရောင်ဟီး (ဖောင်းပြင်) -ပင်လည်ဘူး လမ်းပိုင်းကို ဇွန်လ ပထမပတ်က တှရေ့စဉျစစ်ကိုင်းတိုင်းဒေသကြီး ရောင်ဟီး (ဖောင်းပြင်)-ပင်လည်ဘူးလမ်း လမ်းသစ်တွင် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာခွင့် ယာယီပိတ်ထားကြောင်း သိရသည်။ေ မ ၂၃ ရက်တွင် ပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ Cabinet အစည်းအဝေးမှ ဖောင်းပြင်-ပင်လည်ဘူး လမ်းသစ်ပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားရန် ဆုံးဖြတ် လိုက်ခြင်းဖြစ်ကြောင်း သိရပြီး ၂၀၁၉ ခုနှစ် မေ ၁၆ ရက်မှ ဒီဇင်ဘာ ၃၀ ရက်အထိ ယာယီ ပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။


ရောင်ဟီး (ဖောင်းပြင်)-ပင်လည်ဘူးလမ်း လမ်းအသစ်ပိုင်းသည် လမ်းအဆင့်မြှင့်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မြေသားလမ်းလွှဲများဖြင့် လည်းကောင်း၊ ၁၃ တန် ခံနိုင်ဝန် သစ်သားတံတား၊ ဘေလီတံတားများမှာလည်း လမ်းလွှဲပေး၍ မရသဖြင့် လည်းကောင်း၊ ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်း သွားလာပါက လမ်းလွှဲနှင့် တံတား ပျက်စီးနိုင်ခြင်း၊ လမ်းချော် ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း အဆိုပါ လမ်းတံတား ပျက်စီးမှုများ မဖြစ်ပေါ်စေရန်အတွက် လတ်တလောတွင် လူစီးယာဉ်ငယ်များသာ ကန့်သတ် သွားလာခွင့်ပြုပြီး ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာမှုကို တွေ့ရှိပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကုန်ကားတွေ ဖြတ်သန်း သွားလာခွင့် ယာယီ ပိတ်ထားတယ် ဆိုတဲ့အကြောင်းကို သက်ဆိုင်ရာ မစကကို စာပို့ထားတယ်။ ဥပမာ ပင်လည်ဘူးဆိုရင် ပင်လည်ဘူး မစက၊ ဖောင်းပြင်ဆိုရင် ဖောင်းပြင် မစက စသဖြင့် သက်ဆိုင်ရာမြို့နယ် မစကတွေကို စာပို့ထားတယ်။  ဒီလို ယာယီပိတ်ထားတဲ့ အချိန်မှာ ဖြတ်သန်း သွားလာနေတာ မိလို့ပဲဖြစ်စေ၊ ဒါမှမဟုတ် တံတားတွေက စိတ်မချရဘူး။ တံတား ကျိုးလို့ပဲဖြစ်စေ ဥပမာ မုဆိုးလမ်းကူး လိုနေရာဆိုရင် လမ်းချော် တိမ်းစောင်းလို့ပဲ ဖြစ်စေ တွေ့ရင်တော့ ဥပဒေကြောင်းအရ အရေးယူမှာပေါ့” ဟု သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဇွန် ၇ ရက်က မိုးရွာသွန်းမှုကြောင့် ရောင်ဟီး(ဖောင်းပြင်)-ပင်လည်ဘူးလမ်း လမ်းသစ်ပေါ်ရှိ မုဆိုးလမ်းကူး လမ်းပိုင်းနေရာသည် မိုးရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပြီး ပြုပြင်မှုများ ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။

ရောင်ဟီး(ဖောင်းပြင်)-ပင်လည်ဘူး လမ်းသစ်သည် အထက်ချင်းတွင်းဒေသ မြို့နယ်များ ဖြစ်သော ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နယ်များမှ အဓိက အသုံးပြုနေသော ကားလမ်းမကြီး တစ်ခုဖြစ်ပြီး တစ်ရက်လျှင် ကားစီးရေ ၅၀ ခန့် အသုံးပြု ဖြတ်သန်း သွားလာနေကြသော ကားလမ်းမကြီး ဖြစ်ကြောင်း သိရသည်။

အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်ပြီး နောက်ပိုင်းတွင် ချင်းတွင်းမြစ်၊ ရေကြောင်းကိုသာ အဓိထား သွားလာနေရသည့် ချင်းတွင်းမြစ် အထက်ပိုင်း ဒေသများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်နှင့် ရာသီမရွေး အသုံးပြု သွားလာနိုင်စေရန် ဖောင်းပြင်-ပင်လည်ဘူး လမ်းသစ်အား သမ္မတ ဦးထင်ကျော် လက်ထက်တွင် နိုင်ငံတော်သမ္မတ အထူးရန်ပုံငွေ ကျပ်သန်း ၅၅၇၅ သန်း အကုန်ကျခံ၍ အဆင့်မြှင့်တင် ပြုပြင်ခြင်း၊ တိုးချဲ့ ဖောက်လုပ်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment