Friday, June 14, 2019

ကိုယ်စားလှယ်များ အပြင်းအထန်ကန့်ကွက်ခဲ့သည့် ကိုကိုးကျွန်းပြေးဆွဲမည့်သင်္ဘ࿿ော ဝယ်ယူခြင်း၊ စုပေါင်းရာဇဝတ်တရားရုံးနှင့် ရဲတပ်ဖွဲ့ရုံးတည်ဆောက်ရန် ကျပ် ၁၆ ဘီလျံကို ၂၀၁၉-၂၀၂၀ လျာထားဘတ်ဂျက်အတွင်းမှ ဖယ်ရှားခြင်းမရှိ

လွှတ်တော်ကိုယ်စားလှယ်များမှ အပြင်းအထန်ကန့်ကွက်ခဲ့သည့် ကိုကိုးကျွန်းပြေးဆွဲမည့်  သင်္ဘ࿿ောဝယ်ယူခြင်း၊ စုပေါင်းရာဇဝတ် တရားရုံးနှင့် ရဲတပ်ဖွဲ့ရုံးတည်ဆောက် ကျပ် ၁၆ ဘီလျံအား ၂၀၁၉-၂၀၂၀ လျာထားဘတ် ဂျက်မှ ဖယ်ရှင်းခြင်းမရှိကြောင်း သိရသည်။ ဇွန် ၁၃ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အ ရေးပေါ်အစည်းအဝေး(၁/၂၀၁၉) တတိယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ် အရအသုံးခန့် မှန်းခြေငွေစာရင်း(လျာထားချက်) နှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းကော်မတီ၏ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့်ဘဏ္ဍဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ရှင်းလင်းဆွေးနွေးရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။



“၂၀ဝ၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) တွင် ဖော်ပြထားတဲ့အတိုင်းပဲ နိုင်ငံသားများကို မူလအခွင့်အရေးပေးဖို့ရှိရမယ်လို့ ဖော်ပြထားတဲ့အတိုင်းပဲ ကိုကိုးကျွန်းပြည်သူများကို အခြားပြည်သူများနည်းတူ ဘာမှခွဲ ခြားမှုမရှိဘဲနဲ့ တန်းတူအခွင့်အရေးရရှိနိုင်ဖို့အတွက် သယ်ယူပို့ဆောင်ရေး စီစဉ်ပေးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သင်္ဘ࿿ောဝယ်ယူခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ စီစဉ်ပေးခြင်း ဖြစ်ပါတယ်။ လျာထားတဲ့ အသုံးစရိတ်များကလည်း ကိုကိုးကျွန်းနေ ပြည်သများအတွက်သော်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာနေထိုင်ကြတဲ့ အခွန်ထမ်းများအတွက်သော်လည်းကောင်း အင်မတန် အကျိုးထိရောက်စေမယ့် ဆောင်ရွက်ချက်ဖြစ်တယ်လို့ ယူဆပါတယ်”ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။


ရန်ကုန်-ကိုကိုးကျွန်း ပြေးဆွဲမည့် သင်္ဘ࿿ောဝယ်ယူခြင်းမှာ ဘဏ္ဍဍာငွေအလေအလွင့် မဖြစ်စေရေး၊ ကိုကိုးကျွန်းနေပြည်သူများအတွက် သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေရေးနှင့် ကိုကိုးကျွန်းနေပြည်သူများ အန္တရာယ်ကင်းစင်စေရေးဖို့အတွက်ကို ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

“လွှတ်တော်ဝန်းအတွင်းမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အင်းစိန်ထောင်အတွင်းမှာ စုပေါင်းရာဇဝတ်တရားရုံးဆောက်လုပ်မယ့် ကိစ္စနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ ပြည်သူတွေကိုကတိကဝတ်ပေးခဲ့တဲ့ အခါမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးရှိဖို့နဲ့ ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးမှာ တရားဥပဒေစိုးမိုးရေးသည် မဖြစ်မနေလိုအပ်ကြောင်း ကတိတစ်ခုအဖြစ် ပေးထားခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီလိုပေးထားခဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးမှာ ရဲတပ်ဖွဲ့ရုံးများ၊ စုပေါင်းတရားရုံးများ၊ ဥပဒေရုံးများနဲ့အရေးကြီးတာက ထောင်ကို ပြန်လည်ပြုပြင်ဖို့ ကိစ္စရပ်များလည်း အားလုံးပါပါတယ်။ ဒီကိစ္စဟာ တရားဥပဒေစိုးမိုးရေး  အထောက်အကူဖြစ်တဲ့ လုပ်ငန်းကြီးဖြစ်တဲ့အတွက် ကတိကဝတ်လည်းရှိနေတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ တည်ဆောက်ပေးဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

အဆိုပါ ရည်ရွယ်ချက်အတိုင်း ၂၀၁၈-၂၀၁၉ဘဏ္ဍဍာရေးနှစ်တွင် မူလခန့်မှန်းခြေအတွင်းမှာ တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးတစ်လုံး ဆောက်လုပ်ရန်အတွက် ကျပ်နှစ်ဘီလျံ၊ အင်းစိန်ထောင်တွင် ဆောက်လုပ်မည့် စုပေါင်းရာဇဝတ်တရားရုံးအတွက် ကျပ် ၁ ဒသမ ၆၆၆ ဘီလျံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍဍာရေးနှစ် အရအသုံးဆိုင်ရာ ဥပဒေဖြင့်ပြဋ္ဌဌာန်းခဲ့ခြင်းဖြစ်ပြီး  အကောင်အထည်ဖောက်လျက်ရှိသည့် လုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးမြင့်သောင်းက ပြောကြားသည်။

ထို့ပြင်  ၂၀၁၉-၂၀၂ဝဘဏ္ဍဍာရေးနှစ်အရ  အသုံးခန့်မှန်းခြေငွေစာရင်း(လျာထား ချက်)နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ အခြားဆွေးနွေးချက်များကိုဝန်ကြီးက ရှင်းလင်းဆွေးနွေးခဲ့သည်။


ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၉-၂၀၂ဝဘဏ္ဍဍာရေးနှစ် အရအသုံး ခန့်မှန်းခြေငွေ စာရင်းလျာထားချက်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏ အစီရင်ခံနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံပေးပို့နိုင်ရေးအတွက် တိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန်  တင်ပြခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌဌက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စားစီမံကိန်းနှင့်ဘဏ္ဍဍာရေး ဝန်ကြီးတင်သွင်းသည့် ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉-၂၀၂၀ ဘဏ္ဍဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်း (လျာထားချက်)နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ နှင့်အညီ ပြည်သူ့ငွေစာရင်း၏ ငွေကြေးဆိုင်ရာ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်၊ သဘောထားမှတ်ချက်အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြန်လည်ပေးပို့ရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၉၄အရ လွှတ်တော်၏ အဆုံးအဖြတ်ယူရန် ပြောကြားခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ငွေ စာရင်းကော်မတီဥက္ကဋ္ဌဌ  ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်ဦးတင်လွင့်က “အခု ဥက္ကဋ္ဌဌကြီးတင်ပြတာကတိုင်းဒေသကြီးနဲ့ ပြည်နယ်ဆိုင်ရာ နည်းဥပဒေဖြစ်ပါတယ်။ ကျွန်တော်တို့ကအခြေခံဥပဒေအရ ဆောင်ရွက်ပြီးမှ နည်းဥပဒေကို ဆောင်ရွက်ရမယ့်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ အဆုံးအဖြတ်ကိုခံယူပြီးမှရရှိလာတဲ့ အကြံဉာဏ်များကို ဝန်ကြီးချုပ်ထံ ပေးပို့ရမယ်လို့ ယူဆပါတယ်။ လွှတ်တော်ကဒီကိစ္စကို အဆုံးအဖြတ် ခံယူစေချင်ပါတယ်” ဟု ပြောကြား သည်။

လွှတ်တော်ဥက္ကဋ္ဌဌက “ဒီဘတ်ဂျက်ကို အတည်ပြုပေးလိုက်တာ မဟုတ်ဘူး။ လျာထားချက်ကို ဆွေးနွေးတယ်။ အကြံပြုတယ်။ ပြီးသွားရင် ယူသွားပြီးတော့ဘဏ္ဍဍာရေးကော်မရှင် စိစစ်မယ်။ ပုဒ်မ၁၄၁ အရ ပြန်ကျလာမယ်။ ပုဒ်မ ၁၄၁ အရ ဥပဒေကြမ်း တင်သွင်းမယ်။ တင်သွင်းမယ့်အချိန်ကျမှ ကျွန်တော်တို့ဆွေးနွေးမယ်။ ဆွေးနွေးပြီးလို့ပုဒ်မ ၁၄၂ အရ ဆုံးဖြတ်ချက်ကို လုံးဝချမယ်” ဟု ပြောကြားသည်။

ထို့နောက် ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ် (၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “ဒီလိုပဲဥက္ကဋ္ဌဌကြီးကျွန်တော်တို့ အစိုးရအဖွဲ့ကို တင်ပြမယ်ဆိုပြီးတော့ ၂၀၁၈-၂၀၁၉ တုန်းကလည်း ခံခဲ့ရပြီးပါပြီ။ တင်ပြပြီးတော့ return ပြန်မလာပါဘူး”ဟု ပြောကြားသည်။

၂၀၁၉-၂၀၂၀ လျာထားဘတ်ဂျက်အား ဇွန် ၁၇ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်သမ္မတဦးဆောင်သည့် ဘဏ္ဍဍာရေးကော်မရှင်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်လက်တင်ပြမည်ဖြစ်သည်။

“မနှစ်တုန်းကဆိုရင် ကျွန်မတို့ဆွေးနွေးလိုက်တဲ့အတိုင်း အပေါ်ကနေ လုပ်ပြီးသွားလို့ရှိရင် ပြန်လာတဲ့အခါမှာ ပြန်ပြီးတော့ ဆွေးနွေးခွင့်မရှိပါဘူး။ ပြန်လည်ဆွေးနွေးဖို့အတွက် တောင်းဆိုပါတယ်” ဟု သာကေတမြို့ နယ်မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနွယ်ဝင်းက ပြောကြားသည်။

စုပေါင်းရာဇဝတ်တရားရုံးနှင့် ရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်ခြင်းသည်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးကောက်ပွဲကာလတွင် နိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး ကတိကဝတ်ပေးခဲ့ခြင်းအား အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ဝန်ကြီးဦးမြင့်သောင်း၏ ပြောကြားချက်သည် သက်ဆိုင်ခြင်းမရှိကြောင်း ပြည်သူ့ငွေစာရင်းကော် မတီဥက္ကဌ ဦးတင့်လွင်က လွှတ်တော်ပြီးနောက် မီဒီယာများ၏ မေးမြန်းမှုအားဖြေကြားခဲ့သည်။

“ကျွန်တော်တို့ပါတီက တရားဥပဒေစိုး မိုးရေးကို ဖော်ဆောင်ပေးမယ်ဆိုတာ မှန်ပါတယ်။ ဒီကတိကဝတ်ကလည်း တည်အောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့မှ အဆောက်အဦးနှစ်လုံး တည်ဆောက်တာနဲ့ သိပ်မဆိုင်ဘူးလို့ ထင်ပါတယ်။ ဒီဟာက တရားဥပဒေစိုးမိုးရေးကို ဘယ်လိုမျိုး အထောက်အကူပြုတယ်ဆိုတာကို နားမလည်ဘူး။ ကိုယ်စားလှယ်များက ထောက်ပြတယ်။ ရာဇဝတ်တရားရုံးကို စုပေါင်းရုံးလုပ်လိုက်လို့ရှိရင် လုံခြုံရေးအတွက် အဆင်ပြေသွားတာ မှန်ကောင်းမှန်နိုင်တယ်။ တရားရုံးကိုလာရတဲ့ မိသားစုတွေ၊ သက်သေတွေအားလုံးအတွက် ဒုက္ခမရောက်ဘူးလားဆိုတဲ့ မေးခွန်းရှိမျိုး ရှိတယ်။ ဒါကိုဝန်ကြီးက လုံးဝမဖြေသွားဘူး၊ ကျေးဇူးတင်ပါတယ်ဆိုတာမျိုးပဲ ပြောသွားတယ်” ဟု ဦးတင့်လွင်က ပြောကြားသည်။

လျာထားဘတ်ဂျက်အား တိုင်းဒေသကြီးတွင် ဖြတ်တောက်ပြီးပါက ပိုလျှံငွေကို တိုင်းဒေသကြီးအတွင်း လိုအပ်နေသည့်နေရာများတွင် အစားထိုးသုံးစွဲနိုင်သော်လည်း ဘဏ္ဍဍာရေးကော်မရှင်က အတည်ပြုလိုက်ပြီး တိုင်းဒေသကြီးလွှတ်တော်သို့ စက်တင်ဘာလတွင် ဥပဒေကြမ်းအဖြစ်ပြန်လာပါက မလိုအပ်သည့် စီမံကိန်းများကို ဖြတ်တောက်၍ ရသော်လည်း ပိုငွေများကို တိုင်းဒေသကြီးမှ သုံးစွဲခွင့်မရှိတော့ဘဲ ယင်းပိုငွေသည် ပြည်ထောင်စုဘတ်ဂျက်သို့သာ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment