Friday, June 14, 2019

မွန်ပြည်နယ် ရေးမြို့နယ် ကျေးရွာအချို့တွင် ဒူးရင်းပင်များ ယခင်နှစ် မိုးလယ်ကာလကဲ့သို့ ပိုးကျမည်ကို ခြံပိုင်ရှင်များ စိုးရိမ်နေ

မွန်ပြည်နယ် တောင်ပိုင်း ဒူးရင်းပင် စိုက်ပျိုးဖြစ်ထွန်းမှုများသည့် ရေးမြို့နယ် ကျေးရွာအချို့ မိုးဦးကာလ ပိုးကျ၍ အပင်နာ အသီးနည်းပြီး လာမည့် မိုးလယ်တွင် ယခင်နှစ်ကဲ့သို့ ပိုးများ ပိုမိုကျမည်ကို ခြံရှင်များက စိုးရိမ်မှုရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ “ဒူးရင်းပိုးက အုန်းပင်ပိုးလို ဒူးရင်းပင်အခွံနဲ့ အသားကြားအောက်မှ သူတို့စားပြီး နေတယ်။ စားရင်းနဲ့ တဖြည်းဖြည်း ကြီးလာတယ်။ လက်မလောက် အကောင်ရောက်ရင် အပင်အသား အလယ်ထဲ ဝင်သွားတယ်။ ပိုးအဲဒီလို ဝင်ရင် အပင်က သေပြီ။
အဲဒီထဲမှာ အကောင်တွေက အတောင်တွေ ထွက်လာတယ်။ ခြေမလောက် ဖြစ်လာတယ်။ အဲဒီအရွယ်ထိ တွေ့ဖူးတယ်။ နောက် ပျံသွားတယ်။ အဲဒီကောင်တွေက အပင်အောက်ပိုင်းမှာ ဆိုရင် လက်လှမ်းမီသလောက် ရှာပြီး ကလော် ထုတ်တယ်။ အပင်က ရှင်နိုင်တယ်။ အကောင်တွေက လက်လှမ်းမမီတဲ့ အမြင့်မှာဆို လုပ်လို့မရဘူး။ အပင်သေပြီ။ တွေ့သမျှထဲမှာ မနှစ်က အများဆုံး ရေးမြို့ တောင်ပိုင်း ဒူးရားရွာဆိုရင် ဒူးရင်းသီး တော်တော်များ ထွက်တယ်။ အံဒင်ရွာ ဒီနှစ် အခုနည်းနည်း စဖြစ်နေပြီ။ ခြံမှာ တစ်ပင်၊ နှစ်ပင် တွေ့နေပြီ။ အခု ပထမခြံရှင်းခုတ်တယ်။ ဒုတိယအကြိမ် ခြံခုတ်တဲ့ မိုးလယ်မှာ ပိုများမယ်။ ပိုးဝင်တာ အပြင်ကနေ ကြည့်ရင် သိတယ်။ အပင်က အရည်အစေး မည်းတူးနေပြီး ထွက်ကျတယ်။ ပိုးရဲ့ ချေးဟာ အပြင်မှာ ပြူးကျတာ မြင်ရတယ်။ အဲဒီကနေ တစ်ဆင့် သူ့လမ်းကြောင်းတိုင်းလိုက် ကလော်တယ်။ အကောင်ကို တွေ့တယ်။ ဒူးရင်းပင်က အဲဒီပိုးနဲ့ အခက်အခဲ ဖြစ်ပါတယ်။ ဆုံးရှုံးတယ်။ ခြံပဲ လုပ်စားနေတော့ အဲ ဒီလိုဖြစ်တော့ အခက်ခဲ ဖြစ်တာပေါ့။ ဖြေရှင်းဖို့ နည်းလမ်းက မတွေ့သေးဘူးပေါ့၊ တခြားလူတွေက ပြောတယ်။ ပိုးသတ်ဆေး သုံးကြည့်ဖို့ ကျွန်တော်တို့ မသုံးဖြစ်ပါဘူး။ ဒါ စားစရာ ဖြစ်နေလို့။ စားတဲ့သူ ဒုက္ခရောက်မှာ စိုးရိမ်တယ်။ နောက် သုံး၊ လေးလဆို ပိုကျမယ်။ အကူအညီ လိုအပ်နေပါတယ်။ ၁၀ ပင်မှာ တစ်ဝက်လောက် ခြောက်ပင်လောက် ဖြစ်မယ်ဆိုတော့ စိုးရိမ်ပါတယ်။ စီးပွားရေးအနေနဲ့ ထိခိုက်ပါတယ်”ဟု ကိုအချိန် (အံဒင်ရွာနေဒူး ရင်းသီးခြံရှင်)က ပြောကြားသည်။

ဒူးရင်းပိုး ကာကွယ်မှု အနေနှင့် ပိုးကို ကလော်ထုတ်ပြီး ရောဂါ မဝင်စေရန် ဆေးသုတ်ဖို့ လိုကြောင်း၊ ခြံပိုင်ရှင်များ အနေနှင့် မိမိ၏ ဒူးရင်းပင်သည် ရောဂါ သို့မဟုတ် ပိုးကြောင့် ဖြစ်သည်ကို ကွဲပြားစွာသိရှိရန် လိုကြောင်း၊  မှိုရောဂါသည် မြေကြီးတွင် ရှိပြီးသားဖြစ်၍ ဒူးရင်းပင်သည် ခံနိုင်ရည် နည်းသည့်အတွက် ကာကွယ်ရန် အပင်စုံ၊ သောင်းပြောင်းဥယျာဉ်မျိုး စိုက်သင့်ကြောင်း ဦးမင်းထွန်းသိန်း(စိုက်ပျိုးရေးပညာရှင်-အမိမြေခြံ)က ပြောကြားသည်။
“ခြံရှင်တွေက ကိုယ့်အပင် အမြဲဂရုစိုက် ကြည့်နေဖို့ လိုတယ်။ ဒါမှ ရောဂါက အကိုင်းမှာ သိရင် ချက်ချင်း လုပ်လို့ရတယ်။ ပင်စည်ရောက်မှ ခုတ်လို့မရဘူး။ ခုနပိုးပေါ့။ အရာလေး ပေးလို့ရှိရင် ကောက်လှန်လိုက်ရင် အတွင်းထဲ မဝင်တော့ဘူး။ မိုးတွင်းမှာ ပိုးကိုက်တဲ့ ဒဏ်ရာနဲ့  Phytoptharg က ဝင်တဲ့ ခါပင်ကြီး သေတာပေါ့။ တစ်ပင်ချင်း ဂရုစိုက်ရင် အောင်မြင်ပါတယ်။ ရေးမြို့ဘက်မှာဆို တချို့ဒေသမျိုး အပင်ကြီးတွေ ဖြစ်တာပေါ့။ တချို့လည်း ခံနိုင်ရည်ရှိပြီး မဖြစ်သော်ငြားလည်း မျိုးကောင်းမျိုးသန့်တွေ စိုက်လာမည်ဆိုရင် ဒီကိစ္စက တစ်ဖက်က ပညာပေး တစ်ပိုင်းပေါ့။ အပင်ကို ကာကွယ်နှိမ်နင်းပေးတဲ့ စီးပွားရေး ပရဟိတအဖွဲ့ ပေါ်လာရင် ပိုပြီး အကျိုးရှိတာပေါ့။ ဌာနအနေနဲ့ တောင်သူပညာပေး Phytoptharg ရှိပါတယ်။ ဖုန်းနံပါတ်က ဝ၉၉၅၅၀ ၄၀၁၁၁ မှာ တာဝန်ပေးထားပါတယ်။ ခုနလို ကိစ္စမျိုးဖြစ်လာမယ်ဆိုရင် လှမ်းမေးလို့ ရတယ်။ အသေးစိတ် ပြန်လည် ဖြေကြားပေးပါတယ်။ တောင်သူ အကျိုးရှိအောင် လုပ်ပေးထားပါတယ်”ဟု ဦးကြည်စိုး(ညွှန်ကြားရေးမှူး မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန)က ပြောကြားသည်။

No comments:

Post a Comment