Friday, June 14, 2019

လက်နက်တွေထုတ်ဖို့ မြောက်ကိုရီးယား ဆက်လုပ်နေ

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် ကျွမ်းကျင်ပညာရှင်တစ်ဦးက မြောက်ကိုရီးယား နိုင်ငံဟာ ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်တွေ ထုတ်လုပ်ဖို့ ဆက်လုပ်နေပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်တဲ့ တချို့အဆောက်အအုံတွေ တိုးချဲ့ခဲ့ပုံရတယ်လို့ ပြောပါတယ်။ Planet Labs အမည်ရှိ ပုဂ္ဂလိက ဂြိုဟ်တုလုပ်ငန်းကို စီမံခန့်ခွဲနေတဲ့အဖွဲ့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်၊ မွန်တဲရီမြို့၊ မစ်ဒယ်လ်ဘယ်ရီ နိုင်ငံတကာ လေ့လာရေးဌာနက ကျွမ်းကျင်သူနဲ့အတူ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် အဆောက်အအုံတွေကို ရိုက်ထားတဲ့ ဂြိုဟ်တုပုံရိပ်ကို လေ့လာသုံးသပ်ခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လက ရိုက်ယူထားတဲ့ ဂြိုဟ်တုဓာတ်ပုံအရ ပြီးခဲ့တဲ့နှစ်က ဆောက်လုပ်နေဆဲ ဖြစ်တဲ့ အဆောက်အအုံကြီးဟာ ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး တခြား အဆောက်အအုံ တော်တော်များများ တိုးလာပြီး အဲဒီ အဆောက်အအုံမှာ ကားတွေ သွားလာနေပါတယ်။

No comments:

Post a Comment