Friday, June 14, 2019

မန္တလေး - မူဆယ်ပြေးဆွဲတဲ့ခရီးသည်တင်ကားမှောက်ပြီး နှစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရ

မန္တလေး - မူဆယ် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတစ်စီးဟာ ဒီကနေ့ မနက်ပိုင်းက မူဆယ်မြို့နားမှာ တိမ်းမှောက်ပြီး နှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ သေဆုံးသွားသူ နှစ်ဦးဟာ ယာဉ်နောက်လိုက်တွေဖြစ်ပါတယ်။ ခရီးသည် ၂၀ ဦးထက်မနည်း လိုက်ပါလာတဲ့ကားဟာ မူဆယ်မြို့နဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုံကြားက လမ်းပိုင်းမှာ တိမ်းမှောက်ခဲ့တာလို့ အခင်းဖြစ်ပွားရာနေရာမှာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေတဲ့ ဂရုဏာ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းက ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးနဲ့ ဒဏ်ရာရသူကိုတော့ မူဆယ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရသွားတဲ့သူတွေထဲမှာ အမျိုးသမီး ၃ ဦးပါဝင်ပြီး ကျန်တဲ့သူတွေလည်း စိုးရိမ်စရာအခြေအနေမရှိဘူးလို့ ဦးသောင်းထွန်းက ဆိုပါတယ်။

No comments:

Post a Comment