Friday, June 14, 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ရသုံးခန့်မှန်းခြေငွေစာရင်းတွင် ပြည်သူလူထုလိုအပ်ချက်ထက် ဌာနဆိုင်ရာအတွက် ပိုမိုများပြားစွာလျာထားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်အချို့ ဝေဖန်

၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွက် ရန်ကုန် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ပြည်သူ လူထုလိုအပ်ချက်အတွက် အနည်း ငယ်သာလျာထားပြီး ဌာနဆိုင်ရာ အသုံးများ ပိုမိုများပြားစွာ လျာ ထားမှုအပေါ် လွှတ်တော်ကိုယ်စား လှယ်အချို့က ဝေဖန်လိုက်သည်။ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အ တွက် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေငွေ စာရင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇွန် ၁၁ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အရေးပေါ်အစည်းအ ဝေးတွင် တင်သွင်းခဲ့သည်။



ယင်းနှင့်ပတ်သက်ပြီး မေ ၁၂ ရက် လွှတ်တော်အစည်းအဝေး တွင် ကိုယ်စားလှယ်များက ဆွေး နွေးရာ၌ ဝေဖန်မှုများစွာရှိခဲ့သည်။
""ဌာနဆိုင်ရာများရဲ့ လိုအပ် ချက်အများအပြားကို ထည့်သွင်း ထားပြီး ပြည်သူများ၏ အခြေခံလို အပ်ချက်များဖြစ်တဲ့ ရေမြောင်း၊ လမ်းကိစ္စတွေ ဘတ်ဂျက်လျာထား မှုနည်းတာကို ကျွန်မတို့ တွေ့ရှိရ ပါတယ်""ဟု လှိုင်မြို့နယ်၊ မဲဆန္ဒ နယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ် ခင်မာဌေးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ၏ ငွေလုံးငွေ ရင်းအသုံးစရိတ်အရ ဘတ်ဂျက်စုစု ပေါင်း ငွေကျပ်သန်းပေါင်း သုံးသိန်း ကျော်လျာထားပြီး စည်ပင်နယ်နိ မိတ်အတွင်း ၃၃ မြို့နယ်၏ အခြေခံ လိုအပ်ချက်ဖြစ်သည့် ရေမြောင်း၊ လမ်းများအတွက် ငွေကျပ်သန်း လေးသောင်းကျော်သာ သုံးစွဲရန် လျာထားကြောင်း၊ အဆိုပါပမာဏ မှာ ရန်ကုန်တိုင်းစည်ပင်ဘတ်ဂျက် ၏ ရှစ်ပုံတစ်ပုံကိုသာ သုံးစွဲရန်လျာ ထားသည့် သဘောဖြစ်ကြောင်း ゞင်းက ဆက်လက်ပြောသည်။

အင်းစိန်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က ""ပြည်သူ့လိုအပ်ချက်တွေကို ကျတော့ လျှော့ပါဦး၊ ဖြတ်ပါဦး၊ ငွေမလောက်လို့ ဆိုပြီးတော့ ပြော ပြီးတော့ တကယ်မလိုအပ်သေးတဲ့ အလုပ်တွေအတွက် ငွေအမြောက် အမြားသုံးစွဲနေတာ မသင့်လျော်ဘူး လို့ ဆိုချင်ပါတယ်""ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ် တွင် ပါဝင်သည့် ငွေကျပ်သန်းပေါင်း ငါးထောင် ကုန်ကျခံသုံးစွဲမည့် ကိုကို ကျွန်းသို့ပြေးဆွဲမည့် သင်္ဘောဝယ်ယူ ရေးကိစ္စ၊ ငွေကျပ်သန်းပေါင်း ငါး ထောင်အကုန်ကျခံ တည်ဆောက်မည့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံး တည်ဆောက်ရေးကိစ္စ၊ ငွေကျပ်သန်း ခြောက်ထောင်ကုန်ကျမည့် အင်းစိန် ရာဇဝတ်စုပေါင်းတရားရုံး ဆောက် လုပ်ရေးကိစ္စတို့ကို လွှတ်တော်ကိုယ် စားလှယ်များက အဓိကထား ကန့်ကွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့ရုံးမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်း တည် ဆောက်ရန်လျာထားခြင်းဖြစ်ပြီး အဆောက်အအုံမှာ ခုနစ်ထပ်မြင့် မည်ဖြစ်ကာ ခေါင်မိုးတွင် ရဟတ် ယာဉ်ကွင်းပါ ပါရှိမည်ဖြစ်သည်။ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ဇေယျက ""ပြည်သူကိုတော့ ရွှေတိဂုံတွေ ဘာ တွေညာတွေနဲ့ အထပ်တွေ ကန့် သတ်ထားတယ်။ ကျွန်တော်တို့ အခု ရဲဌာနချုပ်ကြီးဆောက်မယ် ဆိုတော့ ခုနစ်ထပ်ဆောက်မယ်။ ဒါ မသင့်တော်ပါဘူး"" ဟု ဆိုသည်။တိုင်းဒေသကြီးအစိုးရအ နေဖြင့် အဓိကနှင့်သာမညကို ခွဲ ခြားသိမြင်နိုင်ရန် အရေးကြီးကြောင်း ဦးဝေဖြိုးဟန်က ဆိုသည်။

No comments:

Post a Comment