Friday, June 14, 2019

ဘင်္ဂါလီ(၆၅)ဦးကို လှေနဲ့လူကုန်ကူးမှုဖြင့် ထိုင်းလူမျိုးတစ်ဦး စွဲဆိုခံထားရ

ဘင်္ဂါလီ(မူရင်း-ရိုဟင်ဂျာ)လူမျိုး (၆၅)ယောက်ကို လှေနဲ့ လူကုန်ကူးလာတဲ့ ထိုင်းနိုင်ငံသား လှေသူကြီးကို တရားစွဲဆိုထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဇွန်လ(၁၃)ရက်နေ့က ပြောပါတယ်။ ဘင်္ဂါလီ(၆၅)ယောက်ပါတဲ့ လှေပျက်တစ်စီးကို ထိုင်းရေတပ်အာဏာပိုင်တွေက ထိုင်းတောင်ပိုင်းရှိ Tarutao Marine အမျိုးသားဥယျာဉ်ထဲမှာ ဇွန်လ(၁၁)ရက်မနက်အစောပိုင်းက တွေ့ရှိခဲ့တာဖြစ်ပြီး၊ ဒီနေရာဟာ ထိုင်းမြန်မာနယ်စပ် ကနေ မိုင်(၂၅၀)အကွာမှာ ရှိတာလည်း ဖြစ်ပါတယ်။



ဒီလှေကို မောင်းလာတဲ့ လှေသူကြီးဟာ ထိုင်းနိုင်ငံသား Sangkhom Paphan ဆိုသူဖြစ်ပြီး၊ ရနောင်းပြည်နယ်မှာ နေထိုင်သူဖြစ်ကာ သူ့ကို လူကုန်ကူးမှုနဲ့ စွဲချက်တင်ထားတယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီ ဘင်္ဂါလီတွေကို မလေးရှားနိုင်ငံကို ပို့ဖို့ Sangkhom Paphan ကို လာငှားခဲ့တာဖြစ်ပြီး၊ သူ့ကို မြန်မာနိုင်ငံသားတစ်ယောက်က ဘတ် တစ်သိန်းပေးခဲ့တယ်လို့ ထိုင်းရေတပ်ဖွဲ့အကြီးအကဲ Suchart Theerasawat က AFP က ပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဘင်္ဂါလီ(၆၅)ယောက်ထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ပြီး၊ လက်ရှိအချိန်မှာ သူတို့ကို Satun ပြည်နယ်က ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဒီဘင်္ဂါလီ(၆၅)ယောက်ဟာ မြန်မာနိုင်ငံကလာတာလား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာလားဆိုတာကို အခုချိန်မှာ သဲသဲကွဲကွဲမသိရသေးဘဲ၊ ဆက်လက်စစ်ဆေးနေတယ်လို့လည်း AFP သတင်းမှာဖော်ပြထားပါတယ်။ ။

No comments:

Post a Comment