Wednesday, June 12, 2019

ဒေါ်လာ ၁၀ သန်းခန့်မြှုပ်နှံထားပြီး SKD စနစ်ဖြင့် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားသည့် Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုစတင်

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြောက်ပိုင်း ရပ်ကွက်ရှိ Daewoo Bus Myanmar ကားစက်ရုံ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)ေဒၚလာ ၁၀ သန်းခန့် မြှုပ်နှံထားပြီး SKD စနစ်ဖြင့် ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ထားသည့် Daewoo ဘတ်စ်ကားများ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု စတင်နေပြီဖြစ်ကြောင်း ဇွန် ၁၁ ရက်က မင်္ဂ္လာဒုံမြို့နယ် ထောက်ကြန့်မြောက်ပိုင်း ရပ်ကွက်ရှိ Daewoo Bus Myanmar ကား စက်ရုံတွင် ကျင်းပသည့် Daewoo ဘတ်စ် စမ်းသပ်ထုတ်လုပ်ခြင်း သတင်းစာ ရှင်းလင်းပွဲ၌ Daewoo Bus Myanmar ကုမ္ပဏီ၏ MD ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။
Daewoo Bus Myanmar ကုမ္ပဏီကို ကိုရီးယားနိုင်ငံမှ Zyle Daewoo ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ Myanmar Trade Center ကုမ္ပဏီတို့ ပူးပေါင်းကာ၂၀၁၇ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ပြီး မင်္ဂ္လာဒုံမြို့နယ် ထောက်ကြန့်ရှိ စက်မှုဝန်ကြီးဌာနပိုင်မြေ ၁၄ ဧက ကျယ်ဝန်းသည့် မြေကွက်ကို နှစ်ရှည် ၃၅ နှစ် BOT စနစ်ဖြင့် ငှားရမ်းကာ စက်ရုံအသစ် ပြန်လည်တည်ဆောက်ခဲ့ကြောင်းနှင့် ယခုနှစ် ဇွန်လတွင် စက်ရုံစတင်ဖွင့်လှစ်ကာ Daewoo ဘတ်စ် ၁၀ စီးကို ကနဦး စတင်တပ်ဆင် ထုတ်လုပ်မှုအဖြစ် စတင်ထုတ်လုပ်နေကြောင်း သိရသည်။“ကျွန်တော်တို့ရဲ့ Daewoo က နိုင်ငံရှစ်နိုင်ငံမှာ ထုတ်လုပ်နေပေမဲ့ ထုတ်လုပ်တဲ့ မော်ဒယ်လ်တွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ ဥပမာပြောရရင် BS 106 နဲ့ Lestar ကားတွေက ကိုရီးယားနိုင်ငံကလွဲရင် ဘယ်နိုင်ငံမှ ထုတ်ထားတာ မရှိပါဘူး။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ ပထမဆုံး ထုတ်လုပ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Global Manufacturing နဲ့ Global Sale ဘာကွာလဲဆိုရင် ဒီကားတွေ အကုန်လုံးက Daewoo ရဲ့ Branch တွေမှာ ရောင်းတာပဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ Distributor ပေါင်း ၆၀ ကျော်ရှိပါတယ်။ အဲဒီကနေပြီး ရောင်းတာ ဖြစ်တဲ့အတွက် BS 106 ကို ဝယ်ချင်ပါတယ်လို့ ပြောတယ်ဆိုရင် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကျွန်တော်တို့ကနေ ပို့မှာဖြစ်ပါတယ်။ BS 106 ကိုလိုချင်တယ်ဆိုရင် ရနိုင်တဲ့နိုင်ငံ နှစ်နိုင်ငံပဲ ရှိပါတယ်။ အဲဒါက ကိုရီးယားနဲ့ မြန်မာနိုင်ငံပါပဲ။ ထိုနည်းလည်းကောင်းပဲ Lestar ကို လိုချင်တယ် ဆိုလည်း ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံပဲ ရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက လိုချင်တယ် ဆိုရင်လည်း အိမ်နီးချင်း နိုင်ငံတွေကို ရောင်းလို့ရပါတယ်။ ရောင်းတဲ့အခါမှာလည်း ကျွန်တော်တို့က Marketing လုပ်စရာ မလိုပါဘူး။ Daewoo ကိုယ်တိုင်က Global Sales ရှိတဲ့အတွက် သူတို့ရဲ့ Network ထဲမှာ ဘယ် Distributor ကပဲလိုလို လိုအပ်လို့ဝယ်ဝယ် ကျွန်တော်တို့ ဆီကနေ Export သွားလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဆီက ပြည်တွင်းအတွက် ရည်ရွယ်ထားသလို ပြည်ပအတွက်ကိုလည်း ရည်ရွယ်ထားပါတယ်” ဟု ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။လက်ရှိ Daewoo Bus Myanmar စက်ရုံတွင် Daewoo City Bus BS 106 နှင့် Lestar minibus နှစ်မျိုး တပ်ဆင်ထုတ်လုပ်မည့်အပြင် Daewoo Bus Myanmar ၏ Service Centre များကိုလည်း ထောက်ကြန့်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် တည်ဆောက်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ကိုရီးယားတွင် ထုတ်လုပ်သည့် ကားများနှင့် အရည်အသွေးအတူတူ ဖြစ်စေရန်လည်း Zyle Daewoo က အာမခံထားကြောင်း သိရသည်။“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေဟာ ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်တဲ့ကားတွေနဲ့ အရည်အသွေး အတူတူပဲ ဖြစ်ဖို့အတွက် Zyle Daewoo ကလည်း အာမခံထားပါတယ်” ဟု ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။ဈေးနှုန်းအနေဖြင့် Lestar minibus တစ်စီး ဒေါ်လာ ၄၅၀ဝ၀ ခန့်နှင့် Daewoo City Bus BS 106 တစ်စီး ဒေါ်လာ ၈၅၀ဝ၀ ဝန်းကျင် ကျသင့်မည်ဖြစ်ပြီး ရန်ကုန်လိုင်စင် ရရှိမည်ဖြစ်သည်။ သို့သော် မှာယူသူ လိုအပ်သည့် ပုံစံအတိုင်း ဈေးနှုန်းပြောင်းလဲမှု ရှိမည်ဖြစ်သည်။ အဆိုပါ ဘတ်စ်ကားများကို ပြည်တွင်းသို့ အစိတ်အပိုင်းများ တင်သွင်းပြီး တပ်ဆင်ထုတ်လုပ်သည့် SKD (Semi Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်မည် ဆိုသော်လည်း SKD တွင် အစိတ်အပိုင်း ၁၀ မျိုးခန့်သာ တပ်ဆင်ထုတ်လုပ်ခြင်းဖြစ်ပြီး လက်ရှိ Daewoo ဘတ်စ်များ ထုတ်လုပ်မှုတွင် Production Line များကို အဆင့်မီ တပ်ဆင်ထုတ်လုပ်မည် ဖြစ်သည့်အပြင် အစိတ်အပိုင်း ၁၀ဝ ခန့် တပ်ဆင်မည်ဖြစ်သည့်အတွက် တစ်စီးလုံး တပ်ဆင်ထုတ်လုပ်သည့် CKD (Complete Knock Down) စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ခြင်း ဖြစ်ကြောင်းလည်း ဒေါက်တာကျော်ကျော်အောင်က ပြောကြားသည်။“သူက Fully CKD လို့ ပြောလို့မရတောင် Semi – CKD အဆင့်နဲ့ ထုတ်လုပ်နေတာပါ” ဟု စက်မှုဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က မှတ်ချက်ပြုသည်။BS 106 နှင့် Lestar ယာဉ်များကို ကိုရီးယားနိုင်ငံတွင် လက်ရှိထုတ်လုပ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုအချိန် စတင်ထုတ်လုပ်ခြင်းဖြစ်ကာ အဆိုပါ ယာဉ်အမျိုးအစား နှစ်ခုမှာ ကိုရီးယားနှင့် မြန်မာနိုင်ငံတွင်သာ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment