Tuesday, May 28, 2019

ကာလာမသုတ်နှင့် သတင်းအချက်အလက်

(၁)ြ မန်မာနိုင်ငံမှာ ကာလာမသုတ်ကို ဗုဒ္ဓဘာသာဝင်များသာမကဘဲ အခြားသောဘာသာဝင်များပင်လျှင် ကြားဖူးကြ၊ နာဖူးကြပါလိမ့်မယ်။ မြတ်စွာဘုရားနဲ့ နောက်ပါ သံဃာတွေဟာ ဒေသ စာရီကြွချီရင်း ကောသလတိုင်း ကေသမုတ္တအမည်ရတဲ့ နိဂုံးကို ရောက်တော်မူခဲ့ပါတယ်။ အဲဒီ ကေသမုတ္တ နိဂုံးသား ကာလာမ အမျိုးကောင်းသားတွေကို ဟော ကြားခဲ့တဲ့ သုတ္တန်ဒေသနာတော်ပဲ ဖြစ်ပါတယ်။
မြတ်စွာဘုရားရှင်က အယူအဆအကြောင်းအရာတို့နဲ့ ပတ်သက်ပြီး ‘‘(၁) ပြောသံကြားရုံ နဲ့လည်း မယုံနဲ့၊ (၂) ရှေးရိုးစဉ် ဆက် စကားရယ်လို့လည်း မယုံ နဲ့၊ (၃) အဲဒီလို ဖြစ်ဖူးသတဲ့သို့ လည်း မယုံနဲ့၊ (၄) ကိုယ့်ဘာသာ တွေးမိကြံမိတာကလေးလောက် နဲ့လည်း မယုံနဲ့၊ (၅) ကိုယ့်ခံယူ ထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့၊ (၆) ပိဋကတ်စာပေကျမ်းဂန်ထဲမှာ ပါတယ်ဆိုရုံနဲ့လည်း မယုံနဲ့၊ (၇) ကိုယ်ယုံကြည်ရိုသေ တယ်ဆိုတဲ့ သူရဲ့စကားဆိုပြီး တော့လည်း မယုံနဲ့’’လို့ လမ်းညွှန်ပြသခဲ့ပါတယ်။ ကာလာမသုတ် ဟာ ဆင်ခြင်ဉာဏ်ရဲ့ အရေးပါမှု ကို ညွှန်ပြပေးတဲ့ ဒေသနာတစ်ခု ရယ်လို့လည်း မှတ်ယူမိပါတယ်။

(၂) ယနေ့ခေတ်မှာ သတင်းအ ချက်အလက်တွေဟာ နည်းပညာ ရဲ့ အကူအညီကိုသုံးပြီး အလွန် လျင်မြန်တဲ့အဟုန်နဲ့ စီးဆင်းနေပါ တယ်။ တစ်ချိန်တည်းမှာ သတင်း အချက်အလက်ကို ထုတ်လွှင့်ရာမှာလည်း အင်မတန်ဈေးပေါတယ် လို့ ဆိုရမှာပါ။ ဒါကြောင့် သတင်းအချက်အလက်တွေကို ပေါပေါ သီသီ ထုတ်လွှင့်နိုင်ကြပါတယ်။ သတင်းအချက်အလက်တွေ များ လွန်း၊ မြန်လွန်းတဲ့ အကျိုးဆက်က အဲဒီသတင်းအချက်အလက်တွေ ကို လက်ခံရယူသူတွေအတွက် ဆင်ခြင်ဉာဏ်သုံးစွဲဖို့ အချိန်နည်းသွားစေခြင်းပါပဲ။ ဆင်ခြင်ဉာဏ်ကို သုံးစွဲမှုနည်းသွားတာနဲ့အမျှ ရရှိတဲ့ သတင်းအချက်အလက်အ ပေါ် လွယ်လွယ်လေး လက်ခံဖြစ် သွားတာပါပဲ။

 ဒါနဲ့ပြီးပြီလားဆိုတော့ မဟုတ်သေးပါဘူး။ ယနေ့ လူ အများစုဟာ မိမိတို့ရရှိသင့်တဲ့ သတင်းအချက်အလက်တွေအ ပေါ် သူတစ်ပါးက ဝင်ရောက်စွက် ဖက်နေတာကို ခံနေရတယ်ဆို တာ မမေ့အပ်ပါဘူး။ မိမိတို့ရရှိ နေတဲ့ သတင်းအချက်အလက် တွေဟာ တစ်စုံတစ်ဦးရဲ့၊ အဖွဲ့ အစည်းတစ်ခုခုရဲ့ စစ်ထုတ်မျှဝေ ပေးသမျှကိုသာ ရရှိနေတယ်ဆို တဲ့အချက်ကို သတိပြုကြဖို့ လို အပ်ပါတယ်။ ယနေ့ အင်တာနက် အသုံးပြုသူ အများစု အသုံးပြုနေ တဲ့ Search Engine တစ်ခုက Google ပါ။ Google မှာ အပန်း ဖြေခရီးစဉ်တစ်ခုအကြောင်း ရှာမိ ရင် လေယာဉ်လိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင် အစရှိတဲ့ ကြော် ငြာတွေပါ မြင်တွေ့လာရတာကို သတိပြုမိပါလိမ့်မယ်။ Google ကို ခဏထားလို့ အများစုအသုံးပြု တဲ့ Facebook မှာ အလှပြင် ပစ္စည်းတစ်မျိုးအကြောင်းကို ရှာ လိုက်ရင် အလှပြင်ပစ္စည်းနဲ့ ပတ် သက်တဲ့ Facebook Page တွေ အများကြီး တွေ့လာရပါလိမ့် မယ်။ ဒါကိုကြည့်ရင် မိမိတို့ရရှိတဲ့ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲခံနေရတယ်ဆိုတဲ့အချက် ကို သတိပြုနိုင်ပါတယ်။ အပန်း ဖြေခရီးအကြောင်း၊ အလှပြင် ပစ္စည်းအကြောင်းတွေက သိပ်ပြီး ပြဿနာမရှိလှပေမယ့် နိုင်ငံရေး အယူဝါဒ၊ ဘာသာရေးအယူ အဆ၊ စီးပွားရေးအမြင် စတာ တွေနဲ့ ပတ်သက်ပြီး Google မှာ၊ Facebook မှာ၊ အခြားသော အင် တာနက်အခြေခံသတင်းအချက် အလက်ဖြန့်ချိရေး တစ်ခုခုမှာ ရှာ ဖွေမိရင်တော့ အဲဒီအကြောင်းအ ရာနဲ့ ပတ်သက်တာတွေ ပိုပြီး အထိအတွေ့များလာမှာပါပဲ။ အဲဒီလိုအခြေအနေမျိုးမှာ  အင် တာနက်အသုံးပြုသူ (သတင်းအ ချက်အလက်တွေကို ရယူသူအ နေနဲ့) ဆင်ခြင်ဉာဏ်ကို သေသေ ချာချာ အသုံးမချဘူးဆိုရင် အ တွေးအမြင်အရ အစွန်းရောက်မှု တွေ ဖြစ်လာမှာ အသေအချာပါ ပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၅၀၀ ကျော်က အင်တာနက်ပေါ်နေပြီ ဆိုရင် မြတ်စွာဘုရားရှင်က ကာ လာမအမျိုးကောင်းသားတွေကို ‘‘အင်တာနက်မှာ ရှာတွေ့တာဆို ပြီးလည်း မယုံနဲ့’’လို့ ထည့်ဟော ဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါ တယ်။

အင်တာနက်မှာသာမကဘဲ ပုံနှိပ်သတင်းမီဒီယာတွေ၊ ရုပ်သံ မီဒီယာတွေမှာလည်း သတင်းအ ချက်အလက်တွေကို အဲဒီလို စီမံ ခန့်ခွဲပြီးမှ ပြည်သူကို တင်ပြတာ မျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာ စီမံခန့်ခွဲတယ်ဆိုတာ Manage-ment (စီမံခန့်ခွဲမှု)ကို ဆိုလိုတာ မဟုတ်ဘဲ Manipulate (စွက်ဖက် စီမံမှု)ကို ဆိုလိုတာ ဖြစ်ပါတယ်။ တချို့ရည်ရွယ်ချက်နဲ့ ဖြစ်နိုင် သလို တချို့လည်း မရည်ရွယ်ဘဲ၊ သတိတောင်မထားမိဘဲ အဲဒီလို လုပ်မိနေနိုင်ပါတယ်။ ဥပမာအား ဖြင့် ပုံနှိပ်မီဒီယာတွေမှာ ဖော်ပြ တဲ့ နိုင်ငံတကာသတင်းတွေ ဖြစ် ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်၊ အနှစ် ၂၀ က နိုင်ငံပိုင် သတင်းစာတွေ ပဲ ရှိချိန်ကို ပြန်ကြည့်ရင် နိုင်ငံတကာသတင်းတွေကို ဖော်ပြရာ မှာ သတင်းဌာနလေးခုက သတင်းတွေကိုသာ အဓိကထား ဘာသာ ပြန်ဖော်ပြခဲ့တာကို တွေ့ရပါလိမ့်မယ်။  အေအက်ဖ်ပီ၊ အေပီ၊ ရိုက်တာနဲ့ ဆင်ဟွာသတင်းဌာနတွေ ပါ။ အဲဒီကာလမှာ မြန်မာ့ရုပ်မြင် သံကြားက အဓိကကိုးကားတဲ့ သတင်းဌာနတွေကတော့ CCTV နဲ့ NHK သတင်းဌာနတွေပဲ ဖြစ်ပါတယ်။ ရံဖန်ရံခါ CNN သတင်းလေးတွေ တွေ့ရပါတယ်။ ဒါ ကြောင့် အဲဒီသတင်းစာတွေကို ဖတ်ရင်း၊ ရုပ်မြင်သံကြားတွေကို  ကြည့်ရင်း ကမ္ဘာ့အရေးအရာတွေ  ကို မှန်မှန်ကန်ကန် ရှုမြင်သုံးသပ် ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေ့ခေတ် သတင်းစာတွေနဲ့ ရုပ်မြင်သံ ကြားတွေအနေနဲ့လည်း ဒီအချက် ကို သတိပြုကြလိမ့်မယ်လို့ မျှော် လင့်ပါတယ်။ စုံလင်တဲ့အမြင်တွေ ကို သတင်းမီဒီယာတွေပေါ်မှာ  မြင်တွေ့ရဖို့ လိုအပ်သလို သတင်းဖတ်သူတွေအနေနဲ့လည်း ကာလာမသုတ်ရဲ့ အဆုံးအမကို သေသေချာချာ လက်ခံကျင့်သုံးဖို့  လိုအပ်ပါတယ်။

(၃)  သတင်းအချက်အလက်နဲ့ ပတ်သက်ပြီး နောက်ထပ်သတိထားမိတဲ့ နောက်ထပ်လိုအပ်ချက် တစ်ခုကို သ တိပြုမိပါသေးတယ်။ အဲဒါကတော့ သတင်းပြည့်စုံမှုရှိဖို့  ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ သတင်းတစ်ပုဒ်ချင်းမှာ  ပြည့်စုံမှုရှိဖို့ လိုအပ်သလို သတင်းတင်ပြခဲ့ တဲ့ သတင်းအကြောင်းအရာဖြစ် စဉ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေသတင်းအသစ်တွေ ကိုလည်း ဆက်လက်ဖော်ပြနိုင် ရေးလိုအပ်မယ်ထင်ပါတယ်။

တစ်ခါတစ်ရံမှာ သတင်း တစ်ပုဒ်၊ ဆောင်းပါးတစ်ပုဒ်က အချက်အလက်မပြည့်စုံ၊ အမြင်တွေမပြည့်စုံလို့ ဘက်လိုက်မိလျက် သား ဖြစ်သွားတတ်ပါတယ်။ ဥပမာဆိုကြပါစို့၊ တစ်လောလေး ဆီက ဆောင်းပါးတစ်ပုဒ်မှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန် ဆီက နည်းပညာတွေကို ခိုးယူနေတဲ့အကြောင်း တင်ပြထားတာ ကို တွေ့ရပါတယ်။ အဲဒီလိုခိုးယူပါ တယ်ဆိုတဲ့ အထောက်အထားပြ နိုင်တာမျိုးလည်း ဆောင်းပါးထဲမှာ မတွေ့ရပါဘူး။ ဗြိတိန် အစိုးရကတောင် ဟွာဝေးကုမ္ပဏီကနည်း ပညာခိုးပါတယ်လို့ သက်သေမပြ နိုင်တဲ့ အခြေအနေမှာ မြန်မာနိုင်ငံက နည်းပညာသမားတစ်ယောက် မဟုတ်တဲ့ သတင်းသမားတစ် ယောက်က အဲဒီလို စွပ်စွဲထားတာ သင့်လျော်ပါ့မလားလို့ မေးခွန်း ထုတ်စရာ ဖြစ်ပါတယ်။ တစ်ချိန် တည်းမှာ အမေရိကန်မှာမရှိတဲ့ နည်းပညာကို တရုတ်က ခိုးယူလို့  ရပါ့မလားဆိုတဲ့ ယုတ္တိဗေဒမေးခွန်းကိုလည်း ထုတ်ယူဆင်ခြင် စရာကောင်းလှပါတယ်။ တစ်ချိန်တည်းမှာ အဲဒီဆောင်းပါးမှာ ချန် လှပ်ထားတာကတော့ တရုတ်နိုင်ငံဘာကြောင့် နည်းပညာအမြင့်တွေ ပိုင်ဆိုင်လာနေသလဲဆို တဲ့အချက်ပါ။ အမေရိကန်ပြည် ထောင်စု နယူးယောက်မြို့ အခြေစိုက် Institute of InternationalEducation ရဲ့ ကိန်းဂဏန်းတွေ အရ ၂၀၀၀ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုကိုလာပြီး ပညာသင်ကြားကြတဲ့သူတွေကို လေ့လာကြည့်ရာမှာ တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနိုင်ငံတွေက အ များဆုံးဖြစ်တယ်ဆိုတာ ကို တွေ့ရပါတယ်။ တရုတ်က ၆၀,၀၀၀ ခန့်၊ အိန္ဒိယက ၅၀,၀၀၀ ခန့်၊ တောင်ကိုရီးယားက ၂၀,၀၀၀ ခန့်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ တော့ တရုတ်က ၁၅၇,၅၅၈ ဦး၊အိန္ဒိယက ၁၀၃,၈၉၅ ဦး၊ တောင်ကိုရီးယားက ၇၃,၃၅၁ ဦး ဖြစ်ပါ တယ်။ ၂၀၁၀ ခုနှစ်မှာ တရုတ် နိုင်ငံက အင်ဂျင်နီယာ ၅၀၀,၀၀၀ မွေးထုတ်ပေးခဲ့ပါတယ်။ အဲဒီ ၅၀၀,၀၀၀ ထဲမှာ ပီအိတ်ခ်ျဒီ (PhD) ဆိုတဲ့ ပါရဂူဘွဲ့ရ ၁၀,၀၀၀ ခန့် မွေးထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနှစ်မှာ အမေရိကန်က ပါရဂူ ဘွဲ့ရ ၈,၀၀၀ သာ မွေးထုတ်ပေး နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ သုံးပုံနှစ် ပုံဟာ အမေရိကန်နိုင်ငံသားတွေ မဟုတ်ဘဲ တရုတ်အပါအဝင် ပြည်ပက ပညာလာသင်သူတွေ ဖြစ်ပါတယ်။ ပါရဂူဘွဲ့ဆိုတာ သုတေသနလုပ်ပြီးမှ ရတာဖြစ်ပါ တယ်။ ပြောခဲ့တဲ့ ကိန်းဂဏန်တွေ အရ ဘယ်သူတွေက သုတေသန တွေ ပိုလုပ်ခဲ့သလဲဆိုတာကို သတိပြုနိုင်ပါလိမ့်မယ်။ သုတေသန များများလုပ်တဲ့ သူက သုတေသန နည်းနည်းပဲလုပ်တဲ့သူထက် နည်း ပညာအသာစီးရမှာပါပဲ။ ဒါက ငြင်းလို့မရပါဘူး။ သုတေသန ပိုလုပ်တဲ့သူတွေက သုတေသန မလုပ်တဲ့သူတွေထံကနေ အချက် အလက် တွေ ခိုးလို့ ရနိုင်၊ မရနိုင်  ပြန်လည်သုံးသပ်သင့်ပါတယ်။ (ဆုံးဖြတ်ချက်ကစာဖတ်သူတွေ ရဲ့ ဆင်ခြင်ဉာဏ်နဲ့ ချရမှာပါ။)

နောက်ထပ် စိတ်ဝင်စားစရာရှိပါသေးတယ်။ သုတေသနအ သစ်တွေ ပြုလုပ်တိုင်း သုတေသနအဟောင်းက တွေ့ရှိချက်တွေကို ကိုးကားရပါတယ်။ ၁၉၉၆ ခုနှစ်မှာ အမေရိကန်ရဲ့ သုတေသန စာတမ်းတွေကို ကိုးကားခံရမှုက ၃၀ ရာခိုင်နှုန်းရှိပါတယ်။ ဂျပန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီတို့က ၅-၁၀ ရာခိုင်နှုန်းစီလောက် ရှိပါတယ်။ တရုတ်၊ အိန္ဒိယ၊ ဘရာဇီး၊ ကိုရီးယားတို့ကတော့ ၅ ရာခိုင် နှုန်းအောက်တွေမှာပဲ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ်မှာ ဗြိတိန်နိုင်ငံတော်ဝင်အဖွဲ့အစည်း (Britain’sRoyal Society) ရဲ့ တွက်ချက်မှု အရ အမေရိကန် သုတေသနတွေကို ကိုးကားမှုက သိသိသာသာ လျော့ကျလာနေပြီး တရုတ် သုတေသနတွေကို ကိုးကားမှုကသိသိသာသာ မြင့်မားလာနေပါ တယ်။ တခြားနိုင်ငံတွေကတော့ အနည်းငယ် လျော့ကျလာနေပါ တယ်။ အဲဒီအဖွဲ့အစည်းက ၂၀၁၃ ခုနှစ်မှာ တရုတ်နဲ့ အမေရိကန် သုတေသနတွေရဲ့ ကိုးကားခံရမှုက တူညီသွားပြီး နောက်ပိုင်း နှစ်တွေမှာ တရုတ်က ကျော်တက် သွားမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဗြိတိန်တော်ဝင်အဖွဲ့အစည်းကို ကိုးကားပြီး ဘီဘီစီသတင်းဌာန မှာ ၂၀၁၁ ခုနှစ် မတ်လ ၂၈ ရက် မှာ ‘‘China 'to overtake US onscience' in two years (၂ နှစ်အတွင်း သိပ္ပံပညာရပ်နယ်ပယ် တွင် တရုတ်က အမေရိကန်ကို ကျော်တက်တော့မည်)’’ ဆိုတဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ သုတေသနတွေကို ပိုလုပ်နေ သလို သူတို့ရဲ့ သုတေသနတွေကို သူများတွေက ကိုးကားခံနေရချိန် မှာ နည်းပညာခိုးချပါတယ်ဆိုတဲ့ စွပ်စွဲချက်ဟာ လက်လွတ်စပယ် နိုင်လွန်းပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်ပြောတဲ့ စကားမို့ ယုံရမယ်ဆိုရင်တော့ ကာလာမသုတ်နဲ့ မကိုက်ညီပါဘူး။ ဒီအချက်တွေကို တင်ပြနေ ရခြင်းက ဖော်ပြခဲ့တဲ့ ဆောင်းပါး ရှင်ကို ဝေဖန်လိုရင်းမဟုတ်သလို တရုတ်က နည်းပညာတွေ မခိုး ဘူးလို့ သက်သေပြလိုခြင်းလည်း  မဟုတ်ပါဘူး။ ယုတ္တိဗေဒကျကျ  စဉ်းစားတတ်ဖို့ လိုအပ်ကြောင်း သတိပြုမိစေလိုရင်းနဲ့ သတင်း အချက်အလက် ပြည့်စုံဖို့ လိုအပ် ကြောင်းတင်ပြရာမှာ အထောက် အကူပြုစေဖို့ ဥပမာဆောင်ခြင်း သာဖြစ်ပါတယ်။

(၄) စာဖတ်ပရိသတ်များ ခင် ဗျား။ မြတ်စွာဘုရားရှင်ရဲ့ ကာလာမသုတ် အဆုံးအမကို လက်ခံကျင့်သုံးရင်း ခိုင်ကြည်သစ် ပြောခဲ့ဆိုခဲ့ သမျှကိုလည်း အလွယ်တကူမယုံ ကြည်လိုက်ပါနဲ့။ ကိုယ်ပိုင်ဆင်ခြင်ဉာဏ်ကို အသုံးချခြင်း၊ ယုတ္တိဗေဒကျကျ တွေးခေါ်မြော်မြင် ခြင်း၊  အချက်အလက် ထပ်မံရှာဖွေခြင်းတွေကို ဆောင်ရွက်ပြီးမှ ဆောင်းပါးကို ထပ်ပြီးဖတ်ကြည့် ဖို့ တိုက်တွန်းပါရစေ။ ပြီးရင်တော့စာဖတ်သူများ ယုံကြည်လိုရာကိုယုံကြည်နိုင်ပါတယ်။ အဲဒီလို ယုံကြည်လိုရာကို ယုံကြည်ဖို့ စည်းကမ်းတစ်ခုပဲရှိပါတယ်။ ကာလာမသုတ်မှာ ညွှန်ကြားထားတဲ့အ တိုင်း ‘‘ကောင်းလည်းကောင်း၊ အပြစ်လည်းကင်း၊ ပညာရှိတို့လည်း ချီးမွမ်းပြီး မိမိနဲ့ သူတစ်ပါးကောင်းကျိုးကို ဖြစ်ထွန်းစေတဲ့အရာ’’ကိုပဲ ရွေးချယ်ယုံကြည်နိုင် ကြဖို့ ဖြစ်ပါတယ်။

No comments:

Post a Comment