Tuesday, May 28, 2019

တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်

စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် သားမိသားစုဝင် သားသမီး ကျောင်းသား၊ ကျောင်းသူများ၊ စစ်မှုထမ်းဟောင်း မိသားစုဝင် သားသမီး ကျောင်းသား၊ ကျောင်းသူများအတွက် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်၊ ကျောင်း သုံးဗလာစာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံ၊ အထောက်အကူပစ္စည်းများနှင့် ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းရရှိသည်။



ထို့နောက် ၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူ ၁၉၉၁၂ ဦးနှင့် ဆရာ၊ ဆရာ မ ၁ဝ၆ ဦးတို့ အတွက် ငွေကျပ် ၇၅ သိန်းကျော်တန်ဖိုးရှိ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် သင်ထောက်ကူပစ္စည်းများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက အသီးသီးပေးအပ်သည်။ ထို့ပြင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နန်းမြို့တွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်နှံ၊ လက်ခံနေမှုများကို သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment