Tuesday, May 28, 2019

Rose Rider ဇာတ်ကားကို ယခုနှစ်တွင် ရုံတင်ပြသရန်ရှိဟု သရုပ်ဆောင်ရဲလေးပြော

 နှင်းဆီအဖွဲ့ရိုက်ကူးထား သော Rose Rider ရုပ်ရှင်ဇာတ် ကားကို ယခုနှစ်အတွင်း ရုံတင်ပြ သရန်ရှိကြောင်း အဆိုတော် ၊ သရုပ်ဆောင်ရဲလေးက ပြောသည်။ ‘‘Rose Rider ကားလေးက လည်း ထူးခြားပါတယ်။ ပရိသတ် အတွက် ထူးခြားမယ့်ကားတစ်ကား ပေါ့။ ကျွန်တော်တို့ နှင်းဆီအ တွက်လည်း ပထမဆုံး အမှတ်တ ရတစ်ခုပါပဲ။ နှင်းဆီငါးယောက် ဆုံပြီး ပထမဆုံးရိုက်တဲ့ကားဖြစ် တဲ့အတွက်၊ ကျွန်တော်တို့အတွက် အမှတ်တရတွေ အများကြီးကျန် ခဲ့မယ့် ကားလေးပါ။ ပရိသတ်အ တွက်လည်း အမှတ်တရတွေအ များကြီး ကျန်မယ့်ကားလေးပါ။ ၂၀၁၉ မှာ Rose Rider ရုံတင်နိုင် ဖို့အတွက် သေချာသလောက် ဖြစ်သွားပါပြီ’’ ဟု ၎င်းကပြော သည်။



ယင်းဇာတ်ကားအပြင် အ ခြားရိုက်ကူးထားသည့် ဇာတ် ကားများလည်း ပိတ်ကားပေါ်သို့ ရောက်လာမည်ဖြစ်သောကြောင့် ပရိသတ်နှင့် အဆက်ပြတ်မည် မဟုတ်ကြောင်း ရဲလေးက ပြော သည်။

‘Rose Rider’ ဇာတ်ကား အခြေအနေ ကြည့်၍ နှင်းဆီအ ဖွဲ့အနေဖြင့် ဇာတ်ကားများ ထပ်မံဖန်တီးဖြစ်၊ မဖြစ် စောင့်ကြည့်ရမည်ဟု ဆိုသည်။

‘‘လောလောဆယ် ကျွန် တော်သီချင်းဘက်လှည့်နေတာ ပေါ့နော်။ သူငယ်ချင်းတွေရဲ့ ရှိုး ပွဲတွေမှာ လိုက်ပါသီဆိုပြီး ၀န်းရံ ဖြစ်တယ်။ ကျွန်တော်လုပ်နိုင်တဲ့ အား၊ တင်ဆက်နိုင်တဲ့ အားလေး နဲ့ အားလုံးကို ၀န်းရံပါတယ်။ သူ တို့ကို ၀န်းရံပေးသလို ကျွန်တော့် အလှည့်ကျရင်လည်း လာပြီးကူ ညီပေးကြတယ်’’ဟု ရဲလေးက ပြောသည်။

အသက်အရွယ်အပိုင်းအ ခြားအရ ရေးစပ်သည့် စာသား များက ပို၍ ခိုင်မာလာသကဲ့သို့ အဓိပ္ပာယ်ပိုရှိလာသည်ဟု မြင် ကြောင်း ၎င်းကဆိုသည်။ ‘‘စာများများ ဖတ်ပါတယ်။  အတွေးလေးတွေကို ဖြန့်ကြက်ပါ တယ်။ ရုပ်ရှင်လည်း ၀ါသနာပါ တဲ့အတွက် တစ်ခါတလေ ဇာတ် လမ်းဆန်းဆန်းလေးတွေ စဉ်စား မိတယ်။ စဉ်းစားမိရင်း  သီချင်း လေးတွေ ရေးဖြစ်တယ်။ ပရိ သတ်ရဲ့ အနေအထားကိုကြည့် ပြီး မျှမျှတတ လုပ်ဆောင်ရတာ ပေါ့။ ငယ်ငယ်နဲ့တော့ မတူတော့ ဘူး။ အခုကတော့ သီချင်းတစ်ပုဒ် လုပ်တဲ့အခါမှာ   ပိုပြီးသတိထား တတ်လာတယ်။ စကားလုံးစီတာ ကအစ ပိုပြီးသေသပ်လာတယ်လို့ မြင်ပါတယ်။ အသက်အရွယ်အ ပိုင်းအခြားအရ ပြောင်းလဲလာ တယ်ဆိုတာ ဒါတွေပါပဲ’’ဟု ရဲ လေးက ပြောသည်။

No comments:

Post a Comment