Tuesday, May 28, 2019

ရန်ကုန်မိုးပျံရထားလမ်း စီမံကိန်းဆိုင်ရာ အချက်များကို မြို့နယ်ငါးခုရှိပြည်သူများအား ရှင်းပြမည်

ရန်ကုန်မိုးပျံရထား လမ်း YUMRT ၏ စီမံကိန်းဆိုင် ရာအချက်အလက်များကို မြို့ နယ် ငါးခုရှိပြည်သူများအား ဇွန်  လ ၁ ရက်ကစ၍ ရှင်းပြမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းအစိုးရအ ဖွဲ့က မေလ ၂၇ ရက်တွင် ကြေ ညာသည်။ ရထားလမ်းကြောင်းအပိုင်း  (က) ဖြစ်သည့် လှိုင်သာယာဘူ တာမှ ပါရမီဘူတာအထိ ၁၁ မိုင် ကျော်အတွင်းပါဝင်သည့် လှိုင် သာယာ၊ လှိုင်၊ မရမ်းကုန်း၊ ရန် ကင်းနှင့် တောင်ဥက္ကလာပမြို့ နယ်တို့မှ ပြည်သူများကို ရှင်းပြ ရန်စီစဉ်ခြင်းဖြစ်သည်။



လှိုင်သာယာမြို့နယ်တွင် ဇွန်လ ၁ ရက်နံနက် ၉ နာရီ၌ အဆိုပါမြို့နယ်ရှိ အမှတ် (၆) ရပ်ကွက် ကျန်စစ်သားလမ်းရှိ သာသနာ့ဗိမာန် ဓမ္မာရုံ၌လည်း ကောင်း၊ မရမ်းကုန်းနှင့် လှိုင်မြို့   နယ်၌ ဇွန်လ ၈ ရက်နံနက်  ၉ နာရီတွင်မရမ်းကုန်းမြို့နယ် (၆)  ရပ်ကွက်ရှိ ကုန်းမြင့်ရိပ်သာ ဓမ္မာရုံ၌ လည်းကောင်း၊ ရန်ကင်း နှင့်  တောင်ဥက္ကလာပမြို့နယ်၌ ဇွန်လ ၈ ရက်နေ့လယ် ၁  နာရီတွင် တောင်ဥက္ကလာပစေတီ  ၀င်း၌လည်းကောင်း ရှင်းပြမည် ဟု တိုင်းအစိုးရကဆိုသည်။
ရှင်းလင်းရာတွင်   စီမံကိန်းဆိုင်ရာ အချက်အလက် များအပြင် သဘာဝပတ်ဝန်းကျင်   နှင့် လူမှုစီးပွားထိခိုက်မှုများအ တွက် ဆန်းစစ်မှုများ၊ စီမံကိန်းအ ကျိုးသက်ရောက်မည့် ဧရိယာ တစ်ခုလုံးအတွက် စစ်တမ်း ကောက်ယူခြင်းတို့ပါဝင်မည်ဖြစ် ပြီး အဆိုပါရှင်းလင်းပွဲများသို့ စိတ်ဝင်စားသူမည်သူမဆိုတက် ရောက်နိုင်သည်ဟု တိုင်းအစိုးရ  အဖွဲ့က ကြေညာထားသည်။

ယင်းအစီအစဉ်နှင့် ပတ် သက်၍ ရန်ကင်းမြို့နယ်တွင် နေထိုင်သူဦးနေလင်းအောင်က ‘‘စီမံကိန်းလုပ်မယ်ဆိုတာ ကြား ပါတယ်။ နိုင်ငံတကာမှာ လိုဖြစ် ချင်တာပေါ့။ အခုလို ရှင်းပြ မယ်ဆိုတော့ မသိတာမေးလို့ ရမယ်ဆိုရင်ကောင်းတာပေါ့။ သူ တို့ပြောချင်တာ ပြောတာနား ထောင်ရမယ်ဆိုရင် မကောင်း ဘူးပေါ့ဗျာ’’ ဟု ပြောသည်။

ကန်ဒေါ်လာ တစ်ဘီလီယံ တန်မိုးပျံရထားလမ်း စီမံကိန်း (အပိုင်း−က)အတွက်ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်  ရေးအေဂျင်စီ (JICA) နှင့် မြန်မာ့ မီးရထားလုပ်ငန်းတို့က ၂၀၁၂ က စတင်ဆောင်ရွက်နေခြင်းဖြစ် သည်။

တည်ဆောက်ရေးလုပ်ငန်း  များကို ၂၀၂၁ တွင် စတင်မည်  ဖြစ်ပြီး ၂၀၂၇ တွင် ရထားစတင် ပြေးဆွဲရန် စီစဉ်ထားသည်။

အဆိုပါစီမံကိန်း အကောင်အထည်ဖော်ရန် တိုင်းအစိုးရက ပြန်လည်နေရာချထားရေး၊ ပံ့ပိုးကူညီမှုများ ပေးအပ်နိုင်စေရေး စီမံကိန်းအတွက် အကျုံးဝင်သည့် နောက်ဆုံးနေ့ (Cut Off Date) ကိုမေလ ၆ ရက်အဖြစ်သတ်မှတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကြေညာထားသည်။ ထိုစီမံကိန်းအတွက် မြေ သိမ်းဆည်းရာတွင် လှိုင်သာယာ ဘူတာပရ၀ဏ်အတွင်းမြေ ၅၄ ဧကကျော်၊ ရန်ကုန် - ပုသိမ် လမ်းတစ်လျှောက်တွင် ရထား   လမ်းအလယ်မျဉ်းမှ ဘေးတစ် ဖက်တစ်ချက်ဆီသို့ ၁၄ မီတာခွဲ  (၄၇ ပေခွဲ)၊ ပါရမီလမ်းဘေးတစ် ဖက်စီတွင် ၁၁ မီတာ (၃၆ ပေ) ပါဝင်မည်ဖြစ်သည်။

No comments:

Post a Comment