Tuesday, May 28, 2019

ပြည်တွင်းပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပရော်ဖက်ရှင်နယ်အဆင့်တွင် ဘိုဘိုဗိုလ်စွဲ

 မော်လမြိုင်မြို့၌ ကျင်းပသည့် ၂၀၁၉ ပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် ပရော်ဖက်ရှင်နယ် အဆင့်တွင် ဘိုဘိုကသတ်မှတ် ရိုက်ချက်ထက် ၁၆ ချက်လျော့ ရိုက်ကာ စုစုပေါင်းရိုက်ချက် ၂၇၂ ချက်ဖြင့်  ဗိုလ်စွဲခဲ့သည်။  မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့ ပူးပေါင်းကျင်းပသည့် ပြည်တွင်း ပတ်လည် ဂေါက်သီးရိုက်ပြိုင်ပွဲကို မေလ ၂၃ ရက်မှ ၂၆ ရက်အထိ မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်းတွင်  ကျင်းပပြီးပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမား ၁၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့သည်။



ယင်းပြိုင်ပွဲတွင် အမျိုးအစားသုံးမျိုးပါဝင်ခဲ့ပြီး ပရော်ဖက်ရှင်နယ်အဆင့်တွင် ဘိုဘိုက ပထမ၊ ဟိန်းစည်သူက ဒုတိယနှင့်လှမျိုးက တတိယရရှိခဲ့သည်။  ၀ါသနာရှင်အဆင့် အမျိုး သားပြိုင်ပွဲတွင် မောင်မဲကစုစု ပေါင်းရိုက်ချက် ၂၉၁ ချက် ဖြင့် ပထမဆုရရှိခဲ့ပြီး အမျိုးသမီးပြိုင် ပွဲတွင် ဖူးပွင့်ရတီခိုင်က စုစု ပေါင်းရိုက်ချက် ၂၁၄ ချက်ဖြင့် ပထမဆုရရှိခဲ့သည်။  မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်ကကြီးမှူးသည့် ၂၀၁၉ ပြည်တွင်းပတ်လည် ဂေါက်သီး ရိုက်ပြိုင်ပွဲကို ခြောက်ပွဲကျင်းပ ရန် စီစဉ်ထားပြီး ဒုတိယမြောက် ပွဲစဉ်ကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိပဲခူးမြို့ ဟံသာဝတီ ဂေါက်ကွင်းတွင် ကျင်းပမည်ဖြစ် သည်။

No comments:

Post a Comment