Tuesday, May 28, 2019

စစ်တွေလေဆိပ်လုံခြုံရေးကို အရေးပေါ်အချိန် သတ်မှတ်

 မြန်မာနိုင်ငံရှိ လေ ဆိပ်အားလုံးကို အရေးကြီးအချိန် (လုံခြုံရေးအဆင့်-၂) သတ်မှတ်  ထားပြီး စစ်တွေလေဆိပ်ကို အ ရေးပေါ်အချိန် (လုံခြုံရေးအဆင့် -၃) အဖြစ် သတ်မှတ်ထားသည်ဟု လေကြောင်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ယမန်နေ့တွင် 7Day Daily သ တင်းစာအားပြောသည်။ ဧပြီအတွင်း နိုင်ငံတော်အ ဆင့်အကြီးအကဲများစစ်တွေမြို့ သို့သွားရောက်ပြီးနောက် ရခိုင် ပြည်နယ်ရှိလေဆိပ်များကို လုံခြုံ ရေးအဆင့်တိုးမြှင့်ရန် ညွှန်ကြား သဖြင့် ရခိုင်ပြည်နယ်ရှိ လေဆိပ် ငါးခုအနက် စစ်တွေလေဆိပ်ကို အရေးပေါ်အချိန်သတ်မှတ် ရခြင်းဖြစ်သည်ဟု ၎င်းကပြော သည်။



‘‘ရခိုင်ပြည်နယ်မှာ ကွင်း ငါးကွင်းရှိတယ်။ အကုန်မြှင့်စရာ မလိုဘူး။ စစ်တွေကတော့ တိုက် ပွဲတွေဖြစ်နေတဲ့ ဧရိယာနဲ့အနီး ဆုံးဖြစ်တယ်။ ပြည်နယ်မြို့တော် လည်းဖြစ်တယ်။ သတင်းတွေ (အကြမ်းဖက်အန္တရာယ်ကိုဆိုလို)  ရနေတာလည်းရှိတယ်ဆိုတော့ ဒီလေဆိပ်တစ်ခုကို အဆင့်မြှင့် လိုက်ရင် သင့်တော်မယ်’’ ဟုဦးရဲထွဋ်အောင်က ပြောကြားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌   တပ်မတော်နှင့် AA လက်နက် ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ် ပွားနေသည်။ ရခိုင်ပြည်နယ်  မြို့တော်စစ်တွေနှင့် မိုင် ၂၀ ခန့် သာကွာဝေးသည့် ပုဏ္ဏားကျွန်း မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား ခဲ့သည်။

လေဆိပ်တစ်ခုကို အရေး ပေါ်အချိန်သတ်မှတ်ပါက ခရီး သည်နှင့် ခရီးဆောင်အိတ်များကို စက်ဖြင့်တစ်ကြိမ်၊ လူဖြင့်တစ် ကြိမ် နှစ်ကြိမ်ပြန်လည်စစ်ဆေး ရသည်။

အလားတူ အရေးပေါ်အချိန်သက်မှတ်ထားသည့် လေဆိပ်တွင် ၀င်ပေါက်၊ ထွက် ပေါက် အရေအတွက် လျှော့ချ  ခြင်း၊ ခရီးသည်ကို လိုက်ပါပို့ ဆောင်သည့် ဧည့်သည်များလေ ဆိပ်အတွင်း ၀င်ရောက်မှု ကန့် သတ်ခြင်း စသည်တို့ကို လုပ် ဆောင်ရသည်ဟု ၎င်းက ပြောကြားသည်။

လက်ရှိတွင် အပြည်ပြည် ဆိုင်ရာ လေဆိပ်လုံခြုံရေးနှင့် ပတ်သက်၍ ပြည်ထဲရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်သူက မေလ ၂၂ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့သွားရောက်စစ်ဆေးခဲ့ပြီး   မေလ ၂၅ ရက်တွင် မန္တလေးအ ပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဒုရဲချုပ် (၁) ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက သွား ရောက်စစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံရှိ အထင်ကရ နေရာများကို အိုင်အက်စ်အ ကြမ်းဖက်အဖွဲ့အစည်းက ဗုံးခွဲ တိုက်ခိုက်ရန် စီစဉ်နေသည်ဟူ  သော သတင်းများရရှိထားသည် ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက မေလ ၂၄ ရက် တွင်ပြောကြားထားသည်။ အကြမ်းဖက်သမားများ မြန် မာနိုင်ငံသို့လာရောက်ရန် စီစဉ် နေကြောင်း မလေးရှားနိုင်ငံရဲ တပ်ဖွဲ့က ပြောကြားထားခြင်းနှင့် ပတ်သက်၍စိုးရိမ်မှုရှိသဖြင့်  လေဆိပ်လုံခြုံရေးကို ကြပ်မတ် ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံရဲ တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရဲမှူး ကြီးမျိုးသူစိုးကပြောသည်။

No comments:

Post a Comment